ထရီပိုလီ၊ဧပြီလ ၇ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့ကလစ်ဗျားနိုင်ငံအနောက်ပိုင်းရှိ ကုလသမဂ္ဂထောက်ခံသော အစိုးရ၏စစ်တပ်အနေဖြင့် ဒေသအတွင်းစိုးမိုးနိုင်ရန်ဆက်လက်အားထုတ်နေမှုကြောင့် ၎င်း၏လေတပ် စခန်းများနှင့်တိုက်လေယာဉ်များကိုတိုက်ခိုက်သွားမည်ဖြစ်ကြောင်းဧပြီလ ၆ ရက်ကခြိမ်းခြောက်ပြော ကြားခဲ့ပါသည်။
ထရီပိုလီ၊ မတ် ၃၀ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အနောက်ဘက် အယ်လ်-ခွန်မ်စ်မြို့ ကမ်းရိုးတန်းတွင် တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၁၁၇ ဦးကို ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျား အာဏာပိုင်များက မတ်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
ထရီပိုလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အချို့နိုင်ငံများ၏ သံတမန်များအနေဖြင့် လစ်ဗျားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ပါဝင်စွက်ဖက်မှုကို လစ်ဗျားနိုင်ငံ အရှေ့ပိုင်း အခြေစိုက် လွှတ်တော်၏ နိုင်ငံခြားရေးရာကော်မတီက ဖေဖော်ဝါရီ ၂၅ ရက်က ဆန့်ကျင်သတိပေးခဲ့ကြောင်း သိရသည်။
တူနီးရှား ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) လစ်ဗျား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ် Fayez al-Sarraj က လစ်ဗျား နိုင်ငံ ရှိ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး တို့မှ ပြန်လည်သင့်မြတ်ရေး နှင့် ပြန်လည် ဖွဲ့စည်းမှု ဆိုင်ရာ...
ထရီပိုလီ ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီတွင် စက်တင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခ များကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် အများစုမှာ အရပ်သားပြည်သူ များ...
ထရီပိုလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အယူခံတရားရုံး က ခေါင်းဆောင်ဟောင်း ကဒါဖီ အား ထောက်ခံသူများကို ၂၀၁၁ခုနှစ် အုံကြွလှုပ်ရှားမှု ကာလအတွင်း မြို့တော် ထရီပိုလီမြို့တွင် ဆန္ဒပြသူများကို သတ်ဖြတ်မှုဖြင့် သြဂုတ် ၁၅ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း တရားရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထရီပိုလီ ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ တိုက်ဖျက်ရေးဌာနက လစ်ဗျားနိုင်ငံသားတရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၄၅ ဦးကို လစ်ဗျားနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သြဂုတ် ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထရီပိုလီ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) လစ်ဗျားရေတပ်က ဇွန် ၂၄ ရက်တွင် လစ်ဗျားနိုင်ငံအနောက်ပင်လယ်ပြင်၌ကယ်ဆယ်ရေးနှစ်ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၅၈ ဦးအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
ထရီပိုလီ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတောင်ပိုင်းတွင် ယခင်နှစ်က သေနတ်သမားများ ပြန်ပေးဆွဲခံထားရသည့် တူရကီနိုင်ငံသား အလုပ်သမား သုံးဦး လွတ်မြောက်သွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသည့် အစိုးရက ဇွန်လ ၂၃ ရက်တွင် ကြေညာလိုက်သည်။
ထရီပိုလီ၊ မေ ၁၄ ရက်(ဆင်ဟွာ) လစ်ဗျားရေတပ်က လစ်ဗျားအနောက်ပင်လယ်တွင် မေလ ၁၃ ရက်က ကယ်ဆယ်ရေးနှစ်ကြိမ် ပြုလုပ်ခဲ့ရာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၂၆၀ ဦး အား ကယ်ဆယ်နိုင်ခဲ့ ကြောင်း သိရှိရသည်။