ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန (CDC) က ဒီဇင်ဘာ ၉ ရက်တွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်ကြားအရွယ်များအား ပထမဆုံး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး အနည်းဆုံး ၆ လကြာပြီးနောက် Pfizer-BioNTech COVID-19...
နယူးယောက်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ယနေ့အထိ တွေ့ရှိရသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ကူးစက်လူနာ ၄၀ ကျော်တွင် အားလုံးနီးပါးက ရောဂါလက္ခဏာအပျော့စားသာ ခံစားရကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(CDC) ဒါရိုက်တာ Rochelle Walenskyက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ပင်လယ်နက် ဝေဟင်ထက်၌ စစ်ရေးလှုပ်ရှားမှုများ မပြတ် အရှိန်အဟုန် မြှင့်တင်နေခြင်းသည် အရပ်ဘက် လေကြောင်း လုံခြုံရေးကို အန္တရာယ်ဖြစ်စေကြောင်း ဒီဇင်ဘာ ၈ ရက်က ရုရှားမှ အမေရိကန်သို့ အသိပေးခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက...
ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဒီဇင်ဘာ ၇ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံ၍ ယူကရိန်းနိုင်ငံအခြေအနေနှင့် နှစ်နိုင်ငံဆက်ဆံရေးပြဿနာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကုလသဂ္ဂ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲအား “ သံတမန်ရေးရာသပိတ်မှောက်ခြင်း” ဟု ပြောဆိုနေမှုသည် အမေရိကန်နိုင်ငံအနေဖြင့် မိမိကိုယ်ကို တိုက်ရိုက်ပင် “နိုင်ငံရေးဟာသပြက်လုံး” တစ်ခုထုတ်နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဒီမိုကရေစီကိုမျက်ကွယ်ပြုထားပြီး ဒီမိုကရေစီထိပ်သီးအစည်းအဝေးတစ်ခုကျင်းပမည့် အမေရိကန်နိုင်ငံ၏ အရည်အချင်းကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဒီဇင်ဘာ ၇ ရက်တွင် မေးခွန်းထုတ်လိုက်သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Qin Gang က တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နှင့်အတူလက်တွဲကာ သမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေးခဲ့မှုများအား အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် အပြုသဘောဆောင်သည့် အင်အားများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။...
မော်စကို ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) အမေရိကန်လေတပ်၏ အန္တရာယ်ရှိသော လုပ်ရပ်များသည် မြို့ပြလေကြောင်းပို့ဆောင်ရေးအား ခြိမ်းခြောက်မှု တစ်ခု ဖန်တီးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က...
မော်စကို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ရုရှားသံတမန်များကို နှင်ထုတ်ရန် အမေရိကန်နိုင်ငံက ဆုံးဖြတ်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများအား နှစ်လ အတွင်း ရုရှားနိုင်ငံမှ အပြီးထွက်ခွာသွားရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ကျင်းပသည့်”ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲ”သည် စစ်အေးတိုက်ပွဲအတွေးအခေါ်ကို ပြန်လည်အသက်သွင်းသည့် လုပ်ဆောင်ချက် ဖြစ်ရာ နိုင်ငံတကာ အသိုက်အဝန်း၏ အထူးဂရုပြုမှုဖြစ်စေကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များအနေဖြင့် ဒီမိုကရေစီကို ဆန့်ကျင်သည့်...