နယူးဒေလီ ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း အရန်စစ်ရဲတပ်ဖွဲ့(CRPF) မှ အနည်းဆုံး စစ်သား ၄ဝဝ ခန့်သည် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်း Kerala ပြည်နယ်အတွင်းရှိ ဆေးရုံများသို့ပို့ဆောင်ထားရကြောင်း အစိုးရတာဝန်ရှိသူများက ဧပြီလ ၂ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ) အိန္ဒိယဆရာဝန်များက ကမ္ဘာ့အဝဆုံးအမျိုးသမီးအဖြစ် ယူဆရသော ကိုယ်အလေးချိန် ၅၀၀ကီလိုဂရမ်ရှိသည့် အီဂျစ်အမျိုးသမီးတစ်ဦးအား မွမ်ဘိုင်းမြို့ရှိ ပုဂ္ဂလိကဆေးရုံးတစ်ခုတွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း မတ် ၉ရက်ကပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒရာပရာဒတ်ရှ်ပြည်နယ်တွင် မတ်လ ၇ ရက်က ခရီးသည်တင် ရထားတစ်စင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ မတ် ၄ ရက်(ဆင်ဟွာ) မြန်မာ-အိန္ဒိယနယ်စပ်အနီး ဟုမ္မလင်းမြို့၏ အနောက်မြောက်ဘက်(၂၈)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိသော မြေငလျင်သည် ယနေ့မတ် ၄ ရက် နံနက်ပိုင်းတွင် လှုပ်ခတ် သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယအမျိုးသမီးတစ်ဦးသည် ညစ်ညမ်းဝက်ဘ်ဆိုက်အားလုံးကို ချက်ချင်း ပိတ်ပင်ပေးရန် အိန္ဒိယနိုင်ငံ တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ပြီး လျှောက်ထားရခြင်းအကြောင်းရင်းမှာ ၎င်း၏ ခင်ပွန်းဖြစ်သူသည် ညစ်ညမ်းဝက်ဘ်ဆိုက်စွဲလမ်းသူတစ်ဦးဖြစ်လာပြီး ရလဒ်အနေဖြင့် ၎င်း၏ မိသားစုဘဝ ပြိုကွဲခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ခြေသုတ်ဖုံပေါ်မှာ အိန္ဒိယ နိုင်ငံတော် အလံကို ထည့်သွင်း အသုံးပြုကာ ရောင်းချခဲ့ပြီး အိန္ဒိယနိုင်ငံအား ဂုဏ်သိက္ခာ ကျဆင်းစေသည့်အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာဆွာရတ်ကို အွန်လိုင်း ဈေးကွက်ကြီး တစ်ခု ဖြစ်သော အမေဇုံ (Amazon) တောင်းပန်လိုက်သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ်တွင် ကျောက်မီးသွေးမိုင်း တစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အခြား လူ ၆၀ ကျော်လည်း အတွင်းဘက်တွင် ပိတ်မိနေကြောင်း ရဲအရာရှိ တစ်ဦးက ဒီဇင်ဘာလ...
နယူးဒေလီ၊ ဒီဇင်ဘာ ၂၆ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒါမိုဒီ သည် ဒီဇင်ဘာ ၂၅ရက်တွင် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် နာဝတ်ဇ် ရှာရစ်ဖ် ၏ ၆၇နှစ်ပြည့်မွေးနေ့ အတွက် ဆိုရှယ်မီဒီယာမှတစ်ဆင့် မွေးနေ့ဆုတောင်းစကားပေးပို့ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်တွင် ဒီဇင်ဘာ၄ရက်က ကားနှစ်စီး ပြင်းထန်စွာ တိုက်မိ၍ အနည်းဆုံး လူ ၈ဦးသေဆုံးပြီး အခြား ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနှင့် ကာတာနိုင်ငံတို့သည် ဗီဇာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ Cyberspace စသည် အဓိကကျသည့် နယ်ပယ် လေးခု၌ ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူလက်မှတ်များ ရေးထိုးခဲ့ကြောင်း သိရသည်။