ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံတစ်ဝန်းတွင် ဟာရီကိန်းမုန်တိုင်း “Daniel”၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားမှု ဘေးအန္တရာယ်အတွင်း ပျောက်ဆုံးနေသူ ၁၀,၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) အရာရှိ တစ်ဦးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။...
ဆိုးလ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားနိုင်ငံ နယ်စပ်မြို့ဖြစ်သော ခါဆန်သို့ စက်တင်ဘာ ၁၂ ရက်က ရောက်ရှိလာခဲ့ကြောင်း Korean Central News Agency (KCNA) က စက်တင်ဘာ ၁၃ ရက်၌ သတင်းဖော်ပြခဲ့သည်။ ကိုရီးယားအလုပ်သမားပါတီ...
ဗလာဒီဗော့စ်တော့ခ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ပူတင်သည် ၈ ကြိမ်မြောက် အရှေ့ဖျား စီးပွားရေဖိုရမ်သို့ ဖိတ်ကြားချက်အရ တက်ရောက်လာသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ကျန်းကော်ချင်းနှင့် ဗလာဒီဗော့စ်တော့ခ်မြို့တွင် စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။...
ရှမန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ပြီးစီးခဲ့သော ၂၃ ကြိမ်မြောက် တရုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ (CIFIT) အတွင်း စီမံကိန်း ၆၃၈ ခုကို သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။...
Amizmiz ၊ မော်ရိုကို၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခြင်းကြောင့် သေဆုံးသူအရေအတွက်မှာ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းအထိ ၂,၈၆၂ ဦးအထိ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရသူများမှာ ၂,၅၆၅ ဦးရှိပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua) ………………………………...
ရာဘတ် ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ငလျင်ဒဏ်သင့် မော်ရိုကိုနိုင်ငံအား တရုတ်ကုမ္ပဏီနှင့်ဝန်ထမ်းများက သွေးလှူဒါန်းခြင်း ၊ နေ့စဉ်လိုအပ်ချက်များ လှူဒါန်းခြင်း စသည့်နည်းလမ်းအမျိုးမျိုးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နေကြကြောင်း သိရသည်။ (Xinhua) ……………………………………. (English Version) Chinese personnels and companies extend...
နယူးယောက် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ လူပေါင်း ၂,၉၇၇ ဦး သေဆုံးခဲ့သည့် 9/11 တိုက်ခိုက်မှုပြီးနောက် ၂၂ နှစ်ကြာသည့်တိုင်အောင် အမည်မဖော်နိုင်သည့် သေဆုံးသူ ၁,၀၀၀ ကျော် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ နယူးယောက်မြို့ Lower Manhattan ရှိ ၂၀၀၁...
AMIZMIZ ၊ မော်ရိုကို၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး ၃ ရက်အကြာ၌ သေဆုံးသူအရေအတွက်မှာ ၂,၈၆၂ ဦး ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ်ခံစားရသော ဒေသများသို့ ပြည်ပရောက်တရုတ်နွယ်ဖွားများက ငွေသားနှင့် ထောက်ပံ့ပစ္စည်းများ ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။ ထို့ပြင် ငလျင်ဒဏ်ခံစားခဲ့ရသော Atlas တောင်တန်းဒေသ၏...
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) နောက်ဆုံးပေါ်နည်းပညာ၊ ကောင်းမွန်သောဈေးကွက်ဝင်မော်ဒယ်များနှင့် အများနှင့်ယှဉ်နိုင်သော ဈေးနှုန်းများဖြင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ (EV) သည် ဥရောပနှင့် ကမ္ဘာ့အဆင့် ပြေးလမ်းပေါ်သို့ ဦးတည်လျက်ရှိသည်။ BYD, NIO, Xpeng, Hongqi နှင့် Lynk & Co...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ...