Connect with us

Media

ငလျင်ဒဏ်ခံစားခဲ့ရသော မော်ရိုကိုနိုင်ငံရှိ ပြည်ပရောက်တရုတ်နွယ်ဖွားများက အကူအညီများပေးအပ်

AMIZMIZ ၊ မော်ရိုကို၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး ၃ ရက်အကြာ၌ သေဆုံးသူအရေအတွက်မှာ ၂,၈၆၂ ဦး ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ်ခံစားရသော ဒေသများသို့ ပြည်ပရောက်တရုတ်နွယ်ဖွားများက ငွေသားနှင့် ထောက်ပံ့ပစ္စည်းများ ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

ထို့ပြင် ငလျင်ဒဏ်ခံစားခဲ့ရသော Atlas တောင်တန်းဒေသ၏ မြို့ငယ်လေးတစ်မြို့ဖြစ်သော Amizmiz မြို့ရှိ စပိန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ မော်ရိုကိုနိုင်ငံရှိ တရုတ်နွယ်ဖွားများ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးအဖွဲ့ချုပ်အနေဖြင့် ဒေသခံ တရုတ်လူမှုအဖွဲ့ကို ကူညီလှူဒါန်းကြရန် တိုက်တွန်းခဲ့ကြောင်း၊ အကူအညီများကို မော်ရိုကိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ မော်ရိုကိုဘက်ထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ Lin Weiqiang က ဆင်ဟွာသို့ စက်တင်ဘာ ၁၁ ရက်က ပြောခဲ့သည်။ မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်၏ ဗဟိုချက်မှာ Marrakesh မြို့မှ ကီလိုမီတာ ၇၀ ခန့်အကွာ Al Haouz ပြည်နယ်၊ Ighil မြို့အနီးတွင် ဖြစ်ကြောင်း သိရသည်။ ငလျင်ဗဟိုချက်မှာ လူနေထူထပ်ခြင်း၊ တောင်တန်းထူထပ်သော ကျေးရွာများဖြစ်ခြင်း၊ အပြောင်းအလဲမြန်သော ရာသီဥတုအခြေအနေက ကယ်ဆယ်ရေးလုပ်ငန်းကို စိန်ခေါ်မှုဖြစ်စေကြောင်း အာဖရိက-တရုတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဥက္ကဋ္ဌ Nasser Bouchiba က ပြောခဲ့သည်။ (Xinhua)

……………………………
(English Version)
Overseas Chinese in quake-hit Morocco raise donation as death toll exceeds 2,800
AMIZMIZ, Morocco, Sept. 11 (Xinhua) — Overseas Chinese in Morocco rushed to extend cash and in-kind assistance to disaster areas as death toll from the powerful earthquake three days ago reached 2,862.
Search and rescue work is seen underway among teams from Spain, Britain, and other countries stationed in Amizmiz, a small town at the foot of the quake-hit Atlas Mountains.
The Industry and Commerce Federation of Chinese Nationals in Morocco has made a donation call to the local Chinese community, its President Lin Weiqiang told Xinhua on Monday, adding that the aid would be delivered by the Chinese embassy to the Moroccan side.
The epicenter of Friday’s earthquake was near the town of Ighil in Al Haouz Province, some 70 km south of Marrakesh.
Nasser Bouchiba, president of the Africa-China Cooperation Association for Development, added that at the epicenter were densely populated, mountainous villages, where fickle weather makes rescue work all the more challenging.