ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LDC) စာရင်းဝင် နိုင်ငံများမှ ဘင်္ဂလားဒေ့ရှ် ၊ လာအို ၊ နီပေါ နိုင်ငံတို့သည် တိုးတက်လာခဲ့သည်ဟု ကုလသမဂ္ဂအထွေထွေညီလာခံက နိုဝင်ဘာ ၂၄ ရက်တွင် အတည်ပြုခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အမည်ခံဒီမိုကရေစီ ထိပ်သီးအစည်းအဝေးတွင် ပါဝင်တက်ရောက်ရန် ထိုင်းဝမ်အား အမေရိကန်နိုင်ငံက ဖိတ်ကြားမှုကို တရုတ်နိုင်ငံက နိုဝင်ဘာ ၂၃ ရက်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကျိုချွမ်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ကြာသပတေးနေ့တွင် ဂြိုဟ်တုသစ်တစ်စင်းလွှတ်တင်ခဲ့သည်။
ပါရီ၊နိုဝင်ဘာ ၂၅ (ဆင်ဟွာ) တရားမဝင်ခိုးဝင်လာသူ တင်ဆောင်လာသောရေယာဉ် တစ်စီးသည် နိုဝင်ဘာ ၂၄ ရက်တွင် ပြင်သစ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ Calais အနီး ရေပြင်တွင် နစ်မြုပ်ခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်မီဒီယာက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ထိုင်ဝမ်အရေးနှင့် တရုတ်နိုင်ငံကို ဟန့်တားရန်ကြိုးပမ်းသူသည် “မီးနှင့်ဆော့ကစားခြင်းဖြစ်ပြီး ကစားသူကိုယ်တိုင်သာ မီးမြိုက်ခံရမည်” ဟု တရုတ်နိုင်ငံပြည်မကြီးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မော်စကို၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အီးယူ-ဘီလာရုဇ် ရွှေ့ပြောင်းနေထိုင်သူများအကျပ်အတည်း နှင့် အခြားသော နိုင်ငံတကာပြဿနာများအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများကို ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel နှင့် နိုဝင်ဘာ ၂၄ ရက်က တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့သည်။
ဆောပိုလို၊ နိုဝင်ဘာ ၂၄ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆောပိုလိုမြို့ နှင့် မီးနပ်စ် ဂျီရော်ရိုက်စ် ပြည်နယ်များရှိ အနည်းဆုံးမြို့ ၅၈မြို့ သည် COVID-19 ဖြစ်ပွားမှု စိုးရွံ့သောကြောင့် ၂၀၂၂ ခုနှစ် ကာနီဗယ်ပွဲတော် အခမ်းအနားများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းစာများက နိုဝင်ဘာ ၂၃...
ပေကျင်း၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယာနိုင်ငံတွင် ပြီးခဲ့သည် ၂၄ နာရီက ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၄,၁၁၆ ဦး ရှိခဲ့ရာ ပထမဆုံး လူနာ ဦးရေ ၄,၀၀၀ ကျော်ဖြင့် ကပ်ရောဂါဖြစ်ပွားသည့်ကာလတစ်လျှောက် နေ့စဉ်ထပ်တိုးလူနာ အများဆုံး စံချိန်ချိုးခဲ့ကြောင်း တောင်ကိုရီးယားဗဟို ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက နိုဝင်ဘာ ၂၄ ရက်တွင်...
ပေကျင်း၊နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ယခုနှစ်ကုန်တွင် ယီမင်နိုင်ငံ၌ ၇ နှစ်ကြာပြည်တွင်းစစ်အတွင်း သေဆုံးသူဦးရေ ၃၇၇,၀၀၀ အထိရှိလာမည်ဖြစ်ကြောင်း၊ယီမင်သည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခနှင့် ကြုံတွေ့နေရပြီး အခြေအနေ ဆက်လက်ဆိုးရွားနေဆဲဖြစ်မည်ဟု ထုတ်ပြန်ထားသည်။ ၉ မိနစ်တိုင်းတွင် အသက် ၅...
ကျိနန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျောက်ခေတ်ဦးရှာဖွေရေးနေရာတစ်ခု၌ ရှေးဟောင်းသုတေသနပညာရှင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၉,၀၀၀ ဝန်းကျင်က ဆင်စွယ်ဂေါ်ပြား တစ်ခု အားတွေ့ရှိခဲ့ပြီး ၎င်းသည် တရုတ်နိုင်ငံတွင် တွေ့ရှိရသည့် အစောဆုံး အရိုးလက်နက်ကိရိယာများအနက် တစ်ခုဟု ယူဆရကြောင်း သိရသည်။