Connect with us

North America

ထိုင်ဝမ်အား “ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး” တက်ရောက်ရန် အမေရိကန်နိုင်ငံ၏ ဖိတ်ကြားမှုကို တရုတ်နိုင်ငံ ပြင်းပြင်းထန်ထန် ကန့်ကွက်

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အမည်ခံဒီမိုကရေစီ ထိပ်သီးအစည်းအဝေးတွင် ပါဝင်တက်ရောက်ရန် ထိုင်းဝမ်အား အမေရိကန်နိုင်ငံက ဖိတ်ကြားမှုကို တရုတ်နိုင်ငံက နိုဝင်ဘာ ၂၃ ရက်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ထားသည့် အမည်ခံ ဒီမိုကရေစီထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံရသူများစာရင်းတွင် ထိုင်ဝမ်ပါဝင်နေခြင်းအပေါ် မှတ်ချက်ပေးရန် မေးမြန်းရာ၌ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်တစ်နိုင်ငံတည်းသာရှိကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တရုတ်နိုင်ငံတစ်ခုလုံးအား ကိုယ်စားပြုထားသည့် တရားဝင်တစ်ခုတည်းသောအစိုးရဖြစ်ကြောင်း ကျောက်က ပြောကြားခဲ့သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာပိုင်နက်၏ ထာဝရအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်း စည်းမျဉ်းသည် နိုင်ငံတကာဆက်ဆံရေးစီမံအုပ်ချုပ်မှုတွင် အကြွင်းမဲ့အသိအမှတ်ပြုထားသော စံနှုန်းတစ်ခုဖြစ်သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ်မှလွဲ၍ နိုင်ငံတကာဥပဒေ၌ ရပ်တည်ချက်မရှိပေ။

“အမေရိကန်အနေနဲ့ တရုတ်တစ်နိုင်ငံတည်း စည်းမျဉ်းနှင့် တရုတ်-အမေရိကန် ပူးတွဲသဘောတူညီချက် သုံးရပ်၏ ဆက်စပ်သောပြဌာန်းချက်များကို လိုက်နာဖို့ ကျွန်တော်တို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။ ပြီးတော့ အမေရိကန်အနေနဲ့ “ထိုင်ဝမ် ခွဲထွက်ရေး” အင်အားစုတွေအတွက် ပလက်ဖောင်း သို့မဟုတ် ပံ့ပိုးမှု တစ်စုံတစ်ရာ ထောက်ပံ့ပေးခြင်းကို ရပ်တန့်ဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု ကျောက်က ဆိုသည်။ “ထိုင်ဝမ် လွတ်လပ်ရေး” ဖြစ်ပေါ်လာရန် မီးနှင့်ကစားခြင်းသည် အမေရိကန်နိုင်ငံကိုယ်တိုင် မီးလောင်မှုအတွင်းသို့ ဖြည်းဖြည်းချင်း ဆွဲချသွားမည်သာ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အမည်ခံဒီမိုကရေ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်၍ ကျောက်က တရုတ်နိုင်ငံတွင် အခါသမယများစွာ၌ ရပ်တည်ချက် ရှင်းရှင်းလင်းလင်းရှိကြောင်း ပြောကြားခဲ့သည်။
ဒီမိုကရေစီသည် ပြည်သူအားလုံး၏ ဘုံတန်ဖိုးဖြစ်ကြောင်း၊ နိုင်ငံအနည်းငယ်က လက်ဝါးကြီးအုပ်ခြယ်လှယ်ရမည်မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ လုပ်ဆောင်ချက်သည် ၎င်း၏ ပထဝီမဟာဗျူဟာပန်းတိုင်များ မြှင့်တင်ရန်၊ အခြားနိုင်ငံများအား ဖိနှိပ်ရန်၊ ကမ္ဘာကြီးအား လွဲချော်စေရန်နှင့် ၎င်း၏ကိုယ်ပိုင် အကျိုးစီးပွားများအား ဆောင်ရွက်ရန် အကွယ်အကာနှင့် ကိရိယာအဖြစ်သာ အသုံးပြုခဲ့ခြင်းကို သက်သေပြလျက်ရှိကြောင်း ကျောက်က ပြောခဲ့သည်။

အမေရိကန်နိုင်ငံသည် ဒီမိုကရေစီအရေခြုံအောက်တွင် နိုင်ငံရေးစုဖွဲ့မှုနှင့် သွေးခွဲလှုံ့ဆော်မှုကို လုပ်ဆောင်လျက်ရှိကြောင်း၊ စစ်အေးခေတ်သဘောထားကို ပြန်လည်အသက်သွင်းခြင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းရှိ အမြင်မရှင်းလင်းသူများထံမှ မေးခွန်းများနှင့် အတိုက်အခံပြုခြင်းများကို အကျယ်တဝင့် ဆွဲယူလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Democracy is the common value of all people, and it is not to be monopolized by a few countries. What the United States has done is proof that democracy is just a cover and a tool used by the U.S. side to advance its geostrategic goals, suppress other countries, split the world and serve its own self-interests, Zhao said.
The United States pursues bloc politics and incites confrontation under the cloak of democracy, reigniting a Cold War mentality and drawing widespread questions and opposition from far-sighted people in the international community, he added. Enditem