Connect with us

Asia

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်းထပ်တိုး အတည်ပြုလူနာဦးရေ စံချိန်တင်မြင့်တက် ၊ အရေးပေါ်အစီအစဉ် အချိန်မရွေး စတင်နိုင်ဖွယ်ရှိ

ပေကျင်း၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တောင်ကိုရီးယာနိုင်ငံတွင် ပြီးခဲ့သည် ၂၄ နာရီက ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၄,၁၁၆ ဦး ရှိခဲ့ရာ ပထမဆုံး လူနာ ဦးရေ ၄,၀၀၀ ကျော်ဖြင့် ကပ်ရောဂါဖြစ်ပွားသည့်ကာလတစ်လျှောက် နေ့စဉ်ထပ်တိုးလူနာ အများဆုံး စံချိန်ချိုးခဲ့ကြောင်း တောင်ကိုရီးယားဗဟို ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရောဂါပြင်းထန် လူနာကုတင် အရေးပေါ် ကျပ်တည်းမှုများ ရှိလာ
တောင်ကိုရီးယား၏ကပ်ရောဂါအခြေအနေက ကြိုတင်ခန့်မှန်းထားသည်ထက် ဆိုးဝါးနေကြောင်း၊ အထူးသဖြင့် မြို့တော်တစ်ဝိုက်ဒေသများတွင်ဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံ ဝန်ကြီးချုပ် Kim Boo-kyumက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ဆိုးလ်၊ ဂွန်ရံစီ၊ အင်ချွန်းမြို့များတွင် နိုဝင်ဘာ ၂၃ ရက်က ထပ်တိုးအတည်ပြုလူနာ ၃,၁၂၅ ဦးရှိရာ တစ်နိုင်ငံလုံး အသစ်ထပ်တိုးလူနာဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် ရှိကြောင်း ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ကိုဗစ်စစ်ဆေးရေးနေရာတစ်ခုတွင် nucleic acidဆေးစစ်ရန်အတွက် ဓါတ်ခွဲနမူနာယူနေသည်ကို နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၁ ရက်မှစပြီး တောင်ကိုရီးယားတွင် “အဆင့်အလိုက်ခွဲခြားပြီး ပုံမှန်နေထိုင်မှုများ”ပြန်လည်စတင်ခဲ့ရာ ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများအား ဖြေလျှော့ခဲ့ပြီးမကြာမီ ကပ်ရောဂါ လျင်မြန်စွာ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြည့်ကုသမှု ခံယူနေရသည့် လူနာ ၅၈၆ ဦး ရှိရာ ကပ်ရောဂါဖြစ်ပွားသည့်ကာလ အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း၊ ၎င်းတို့အနက် ၈၅ ရာခိုင်နှုန်းမှာ အသက် ၆၀နှင့်အထက်ရှိ လူအုပ်စုများဖြစ်ကြောင်း တောင်ကိုရီးယား ကပ်ရောဂါစီမံခန့်ခွဲမှုဌာန၏ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။မြို့တော်တစ်ဝိုက်ဒေသများ၌ ရောဂါပြင်းထန် လူနာကုတင်အသုံးပြုမှု ၈၃.၃ ရာခိုင်နှုန်းထိရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ၆၉ ရာခိုင်နှုန်းရှိသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ကိုဗစ်စစ်ဆေးရေးနေရာတစ်ခုတွင် nucleic acidဆေးစစ်ရန်အတွက် ဓါတ်ခွဲနမူနာယူနေသည်ကို နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၂၂ ရက်က ဆိုးလ်မြို့တွင် ကိုဗစ်ကူးစက်လူနာ ၉၀၀ ကျော်သည် ဆေးရုံတွင် ဆေးကုသမှုခံယူနိုင်ရန်အတွက် ၂၄ နာရီကျော်ကြာ စောင့်ဆိုင်းခဲ့ရကြော်ငး ၊ ၎င်းတို့အနက် ထက်ဝက်ကျော်သည် အသက် ၇၀ နှင့်အထက် လူအုပ်စုများ ဖြစ်ကြောင်း The Korea Herald ၏ သတင်းများအရ သိရသည်။ လူနာကုတင် ကျပ်တည်းမှုကို ဖြေလျှော့ရန်အတွက် အသက် ၇၀ နှင့်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့် ကူးစက်သူများကို အခြားမိသားစုဝင်ရှိပါက တတ်နိုင်သမျှ အိမ်တွင်သာ ကုသရန် ဆိုးလ်မြို့က အကြံပြုထားကြောင်း သိရသည်။

မြို့တော်တစ်ဝိုက်ဒေသများသည် “အလွန်အန္တရာယ်များ”ဒေသများဖြစ်ရာ အရေးပေါ်အစီအစဉ် အချိန်မရွေး စတင်နိုင်ရန် စဉ်းစားနေကြောင်း ဝန်ကြီးချုပ် Kim Boo-kyumက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည့် ကပ်ရောဂါအခြေအနေအန္တရာယ်အစီရင်စာအရ ထောက်ပြပြောကြားခဲ့သည်။ အစိုးရဌာနများကိုလည်း မြို့တော်တစ်ဝိုက် တုန့်ပြန်ဆေးကုသမှုများ အားစိုက်ပြန်လည်ဆောက်ရွက်ရန်နှင့် လက္ခဏာမပြရောဂါကူးစက်သူနှင့်လက္ခဏာအနည်းငယ်ရှိသည့် ကူးစက်လူနာများအား အိမ်တွင်ဆေးကုသသည့် ပံ့ပိုးမှုနည်းလမ်းများကို ကောင်းမွန်အောင် ဆောင်ရွက်ကြရန် ၎င်းက ညွှန်ကြားခဲ့သည်။

ဝန်ကြီးချုပ် Kim Boo-kyum၏ပြောကြားချက်အရ ပြီးခဲ့သည့်ရက်သတ္တပတ်က ကိုဗစ်ကူးစက်သူ ၂၀ ရာခိုင်နှုန်းခန့်က နေအိမ်များတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အားဖြည့်ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းလျက်ရှိ

တောင်ကိုရီးယား၌ ယခုရက်သတ္တပတ် နှစ်ပတ်အတွင်း အသက် ၆၀ နှစ်အထက် ကိုဗစ်အတည်ပြလူနာများတွင် ၈၀ ရာခိုင်နှုန်းကျော်သည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူများဖြစ်ကြောင်း ၊ တစ်နည်းအားဖြင့်ဆိုသော် ကာကွယ်ဆေး ထိရောက်မှုလျော့နည်းလာသည်ကို ဖော်ပြကြောင်း ဝန်ကြီးချုပ် Kim Boo-kyumက ဆိုသည်။ ပြည်သူလူထုအနေဖြင့် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထပ်မံထိုးနှံကြဖို့ တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူဦးရေ စုစုပေါင်း ၅၂ သန်းခန့်ရှိသည့် တောင်ကိုရီးယားနိုင်ငံတွင် ၇၉.၁ ရာခိုင်နှုန်းက ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားပြီး အားဖြည့်ကာကွယ်ဆေး ထိုးနှံထားသူ ၄.၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဒီဇင်ဘာ လလယ်ပိုင်းတွင် တောင်ကိုရီးယားသည် ကပ်ရောဂါထိန်းချုပ်မှုများအား ဒုတိယအဆင့်လျှော့ချမည်ဟု မူလက သတ်မှတ်ထားသော်လည်း အကယ်၍ လက်ရှိ ကပ်ရောဂါအခြေအနေ ထိရောက်စွာတားဆီးနိုင်ခြင်းမရှိပါက သတ်မှတ်ကာလအတွင်း ဒုတိယအဆင့်လျှော့ချနိုင်မည်မဟုတ်ကြောင်း ကျန်းမာရေး ပညာရှင်များက သတိပေးပြောကြားခဲ့သည်။

“အဆင့်လိုက်ခွဲခြား၍ ပုံမှန်နေထိုင်မှုဘဝများ ပြန်လည်စတင်ခြင်း”အကောင်အထည်ဖော်မှုလုပ်ငန်းများသည် “ကနဦးတွင် ခက်ခဲနေ”ကြောင်း Kim Boo-kyumက နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ပြည်သူလူထုအနေဖြင့် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လေဝင်လေထွက်ကောင်းအောင် ထားရှိခြင်းနှင့် ကိုဗစ်စစ်ဆေးခြင်း စသည်တို့တွင် ပူးပေါင်းပါဝင်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

韩国日增确诊破纪录 或随时启动应急计划
2021-11-24 15:43:06
Image Carouse
新华社北京11月24日电 韩国中央防疫对策本部24日通报,过去24小时新增新冠确诊病例4116例,首次超过4000例,创疫情暴发以来单日新增病例数最高纪录。
重症病床告急
韩国国务总理金富谦24日说,韩国疫情形势坏于预期,尤其是首都圈地区。首尔、京畿道和仁川市23日共计新增确诊3125例,占全国新增病例的七成多。
韩国1日进入“分阶段恢复日常生活”阶段,松绑防疫措施,但疫情随后迅速反弹。
11月24日,民众在韩国首尔一处新冠病毒检测点排队等待。(新华社/纽西斯通讯社)
韩国疾病管理厅数据显示,23日晚,586名新冠患者接受重症监护,为疫情暴发以来最高,其中超过85%是60岁及以上人群。首都圈地区用于收治重症患者的病床使用率达到83.3%,全国范围内这一数据为69%。
据《韩国先驱报》报道,22日,首尔市有超过900名新冠感染者已为获得医院收治等待24小时以上,其中过半数为70岁及以上人群。为缓解床位紧张,首尔市建议70岁及以上已接种新冠疫苗的感染者,如果有其他家庭成员照顾,尽量居家治疗。
金富谦依据22日发布的疫情形势风险报告指出,首都圈属于“极高风险”地区,随时有可能考虑启动应急计划。他要求政府部门着力恢复首都圈医疗应对能力,完善对无症状和轻症感染者居家治疗的支援方案。
按金富谦说法,上周不到20%新冠感染者居家治疗。
11月24日,在韩国首尔一处新冠病毒检测点,民众接受核酸采样。(新华社/纽西斯通讯社)
呼吁打加强针
金富谦说,韩国近两周60岁以上确诊病例中,超过80%完成新冠疫苗全程接种,从侧面反映疫苗防护效果降低。他呼吁韩国民众积极接种新冠疫苗加强针。
韩国总人口大约5200万,其中79.1%完成疫苗全程接种,接种加强针的人口比例为4.1%。
韩国原定12月中旬进入防疫松绑第二阶段,不过卫生专家警告,如果当下疫情无法得到有效遏制,韩国可能无法如期进入第二阶段。
金富谦24日说,“分阶段恢复日常生活”实施工作迎来“首道难关”。他呼吁民众坚持戴口罩、通风换气并积极配合新冠病毒检测。(刘秀玲)