Connect with us

Europe

ပြင်သစ်နိုင်ငံ မြောက်ပိုင်း ရေပြင်တွင် တရားမဝင်ခိုးဝင်လာသူ တင်ဆောင်လာသောရေယာဉ်နစ်မြုပ်မှုကြောင့် လူ ၃၁ ဦး သေဆုံး

ပါရီ၊နိုဝင်ဘာ ၂၅ (ဆင်ဟွာ)

တရားမဝင်ခိုးဝင်လာသူ တင်ဆောင်လာသောရေယာဉ် တစ်စီးသည် နိုဝင်ဘာ ၂၄ ရက်တွင် ပြင်သစ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ Calais အနီး ရေပြင်တွင် နစ်မြုပ်ခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်မီဒီယာက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရားမဝင်ခိုးဝင်လာသူ တင်ဆောင်လာသောရေယာဉ် တစ်စီးသည် ထိုနေ့တွင်ပင် ပြင်သစ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ Dunkirk မှ ထွက်ခွာလာပြီး အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်ကာ အင်္ဂလန်သို့ သွားရန် ကြိုးစားစဉ် နစ်မြုပ်ခဲ့ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Dalmanin က သင်္ဘောနစ်မြုပ်မှုတွင် ပါဝင်သွားသူ ၃၃ ဦးအနက် ၃၁ ဦး ရေနစ်သေဆုံးကာ ၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ဤတရားမ၀င် မှောင်ခိုလုပ်ငန်းနှင့် ပတ်သက်သည့် သံသယရှိသူ လေးဦးကို ဖမ်းဆီးထားကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ (Xinhua)

#France,#Stowaway boat,#Xinhua, #Myanmar, #XinhuaMyanmar, #ပြင်သစ်,#မှောင်ခိုသင်္ဘော,#ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

…………………………………………
(Chinese Version)

(新华简讯)一偷渡船在法国北部海域沉没31人死亡

新华社巴黎11月24日电据法国媒体24日报道,一艘偷渡船当天在法国北部港口城市加来附近海域沉没,造成31人死亡。
报道援引法国警方消息说,一艘偷渡船当天从法国北部港口城市敦刻尔克出发,在试图穿越英吉利海峡前往英国的途中沉没。 法国内政部长达尔马宁对媒体表示,沉船事故导致33人落水,其中31人死亡、2人获救。 4名与这起非法偷渡事件相关的嫌疑人已被逮捕。 (完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.