စစ်တွေ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့၌ သီတင်းကျွတ်လပြည့်နေ့ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူရန် အမျိုးသား ၊ အမျိုးသမီးပုံစံ ရိုးရာစက္ကူချိုးအရုပ်များဖြင့်မြို့အနှံလှည့်လည်ကပြဖျော်ဖြေကာ အလှူရှင်များနှင့် ဒေသခံများကို နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ဂါဇာဒေသ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းမှု ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီတွင် အတည်မပြုနိုင်ခဲ့သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အံ့ဩစိတ်ပျက်ခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) …………………………. (English Version)...
ရှန်ဟိုင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၏ နိုင်ငံပြပွဲ၌ ပါဝင်ပြသရန် နိုင်ငံ ၆၀ က အတည်ပြုထားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များအရ သိရသည်။ အဆိုပါ...
ကျိုချွမ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ရှန်ကျိုး-၁၇ လူတင်အာကာသယာဉ်နှင့် Long March-2F ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံ အတွဲလိုက်ကို အာကာယာဉ်လွှတ်တင်ရေးနေရာသို့ အောက်တိုဘာ ၁၉ ရက်က ရွှေ့ပြောင်းခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) မှ သိရသည်။ လက်ရှိ အာကာသယာဉ်လွှတ်တင်ရေးနေရာရှိ စက်ပစ္စည်းများ...
ဟဲပေ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်၌ တည်ရှိသည့် ရှေးဟောင်းမဟာတံတိုင်းတွင် မြင့်မားသော တောင်တန်းများနှင့် တိမ်တိုက်များက ပတ်လည်ဝိုင်းရံလျက်ရှိနေခဲ့သည်။ နဂါးကြီးတစ်ကောင်ကဲ့သို့ မဟာတံတိုင်းက တိမ်ပင်လယ်နှင့် တောင်ထိပ်များကြားတွင် တည်ရှိနေပြီး ကြီးကျယ်ခမ်းနားသောရှုခင်းတစ်ခုကို ဖန်တီးပေးနေကြောင်း သိရသည်။ မဟာတံတိုင်း၏ ဟဲပေပြည်နယ်ရှိ အပိုင်းအား မတ်စောက်သောမီးတောင်ကြောတစ်ခုအပေါ်တွင် တည်ဆောက်ထားခြင်း...
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတ ရှီက ၁၀ နှစ်ကြာကာလတွင် မိမိတို့သည် မူရင်း ရည်မှန်းချက်ကို ခိုင်မာစွာ စောင့်ထိန်းပြီး လက်တွဲ အတူ လျှောက်လှမ်းခဲ့ကြကြောင်း၊...
ကိုင်ရို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖာတာ အယ်လ်-စီစီနှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် ရာဖာနယ်စပ်မှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လွှဲပြောင်းပေးရေး သဘောတူခဲ့ကြကြောင်း အီဂျစ် သမ္မတရုံးက အောက်တိုဘာ ၁၉ ရက် ညတွင်းချင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဒေသတွင်း တည်ငြိမ်...
ဂျေရုဆလမ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြီးတစ်ခုက ဂါဇာဒေသရှိ ခရစ်ယာန်ဆေးရုံအား အောက်တိုဘာ ၁၇ ရက် ညပိုင်းတွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ဆေးရုံဝင်းအတွင်း သေဆုံးသည့်ရုပ်အလောင်းများအကြားတွင် ဆရာဝန်များက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဂါဇာဒေသရှိ တစ်ခုတည်းသော ခရစ်ယာန်ဆေးရုံတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း...
ဂျေရုဆလမ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့ အစ္စရေး၌ အောက်တိုဘာ ၁၈ ရက်က တွေ့ဆုံခဲ့ပြီး ဂါဇာဒေသတွင် ဟားမက်စ်နှင့်လည်းကောင်း၊ လက်ဘနွန်နိုင်ငံတွင် ဟစ်ဇ်ဘိုလာနှင့်လည်းကောင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း အမေရိကန်က “မကြုံဖူးသော” စစ်ရေးအကူအညီ ပေးအပ်ရန်...
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၈ ရက်က ကျင်းပသည့် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေး အားပေးဆောင်ရွက်မည့် လုပ်ဆောင်ချက် ၈ ရပ်အား...