Connect with us

China

CIIE ၏ နိုင်ငံပြပွဲတွင် နိုင်ငံ ၆၀ က တက်ရောက်ရန်အတည်ပြု

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကျင်းပမည့် ပင်မနေရာဖြစ်သော အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) ၌ CIIE လာဘ်ကောင်အရုပ် ကျင်းပေါင်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၏ နိုင်ငံပြပွဲ၌ ပါဝင်ပြသရန် နိုင်ငံ ၆၀ က အတည်ပြုထားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များအရ သိရသည်။

အဆိုပါ ကုန်စည်ပြပွဲသည် CIIE ၏ အရေးပါသော ပြပွဲတစ်ခုဖြစ်ကာ ပါဝင်ပြသသည့်နိုင်ငံ တစ်နိုင်ငံချင်းစီ၏ နည်းပညာတီထွင်ဆန်းသစ်မှုများကို ပြသမည်ဖြစ်သလို စက်မှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေကိုလည်း အားကောင်းစေမည်ဖြစ်ကြောင်း အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) ၌ အလုပ်လုပ်ကိုင်နေသူ ကျန်းဝေမင်းက ပြောခဲ့သည်။

ယခုနှစ်၏ နိုင်ငံပြခန်းများတွင် ဖွံ့ဖြိုးမှုအနည်းဆုံးမှ ဖွံ့ဖြိုးပြီးနိုင်ငံများအထိ တိုးတက်မှုအဆင့် အမျိုးမျိုးရှိသော နိုင်ငံများ ပါဝင်မည်ဖြစ်ကြောင်း ကျန်းက ဖြည့်စွက်ပြောခဲ့သည်။

စတုရန်းမီတာ ၂,၅၀၀ ကျယ်ဝန်းသော တရုတ်နိုင်ငံပြခန်းသည် CIIE ပြပွဲသမိုင်းတစ်လျှောက်တွင် အကြီးဆုံးဖြစ်ကြောင်း သိရသည်။ ယင်းပြခန်းတွင် အဆင့်မြင့် တံခါးဖွင့်ဝါဒနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်နိုင်ငံ၏ နောက်ဆုံးအောင်မြင်တိုးတက်မှုများကို အလေးထားဖော်ပြမည်ဖြစ်သည်။

ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ၏ စီးပွားရေးပြခန်းတွင် ပင်မပြခန်းဧရိယာ ၆ ခုထည့်သွင်း ပြသမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံပေါင်း ၁၂၀ ကျော်မှ ကုမ္ပဏီ ၃,၀၀၀ ကျော်က ပါဝင်ပြသရန် အတည်ပြုထားကြောင်းနှင့် ပြပွဲဧရိယာကိုလည်း စတုရန်းဧရိယာ မီတာ ၃၆၀,၀၀၀ အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version
60 countries confirm participation in CIIE’s Country Exhibition
SHANGHAI, Oct. 18 (Xinhua) — Over 60 countries have confirmed their participation in the Country Exhibition at the sixth China International Import Expo (CIIE), which is scheduled to take place from Nov. 5 to Nov. 10, according to local authorities.
The Country Exhibition is an important part of the CIIE and will showcase each participating nation’s technological innovations, strong industries and investment climate, said Zhang Weimin, who works at the National Exhibition and Convention Center (Shanghai).
This year’s national pavilions will include countries in various development stages, from the least developed to developed, Zhang added.
The China Pavilion, with an area of 2,500 square meters, will be the largest it has ever been in the history of the CIIE. It will focus on demonstrating China’s latest achievements in high-level opening-up and high-quality development.
The Business Exhibition of the sixth CIIE will feature six main exhibition areas. So far, over 3,000 companies from more than 120 countries have confirmed their participation, and the exhibition area will exceed 360,000 square meters.
Photo: Jinbao, mascot of China International Import Expo (CIIE), stands at the National Exhibition and Convention Center (Shanghai), the main venue of the first CIIE, in Shanghai, east China, July 26, 2019. (Xinhua/Fang Zhe)