Connect with us

Africa & Middle East

ရာဖာနယ်စပ်မှတစ်ဆင့် ဂါဇာသို့ ပံ့ပိုးကူညီမှုများ လွှဲပြောင်းရေး စီစီနှင့် ဘိုင်ဒန် သဘောတူ

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ကလေးငယ်များ ချီဆောင်ထားသူများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖာတာ အယ်လ်-စီစီနှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် ရာဖာနယ်စပ်မှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လွှဲပြောင်းပေးရေး သဘောတူခဲ့ကြကြောင်း အီဂျစ် သမ္မတရုံးက အောက်တိုဘာ ၁၉ ရက် ညတွင်းချင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဒေသတွင်း တည်ငြိမ် အေးချမ်းရေး ရရှိစေရန် အီဂျစ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ကြောင်း ဘိုင်ဒန်က တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

နှစ်နိုင်ငံရှိ ဆက်စပ်တာဝန်ရှိသူများအနေဖြင့် အကူအညီများ ဘေးကင်းစွာရောက်ရှိနိုင်ရန် ကုလသမဂ္ဂ၏ ကြီးကြပ်မှုဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့များနှင့်အတူ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးမှုမှာ တဲလ်အဗီးမြို့သို့ ဘိုင်ဒန် သွားရောက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အီဂျစ်နိုင်ငံက ပါလက်စတိုင်းပြည်သူများကို အခိုင်အမာထောက်ခံကြောင်းနှင့် ၎င်းတို့အား အီဂျစ်နိုင်ငံ၏ ဆိုင်းနိုင်းကျွန်းဆွယ်သို့ ပြောင်းရွှေ့မည့် မည်သည့်ကြိုးပမ်းမှုမျိုးကိုမဆို အခိုင်အမာ ပယ်ချကြောင်း အီဂျစ် သမ္မတ စီစီက အောက်တိုဘာ ၁၈ ရက် အစောပိုင်း၌ ပြောခဲ့သည်။

ယင်းနေ့အစောပိုင်းတွင်ပင် အစ္စရေး စစ်ပွဲကာလအစိုးရအဖွဲ့က အီဂျစ်နိုင်ငံမှ အခြေခံ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး ယင်းကိစ္စမှာ “အပြုသဘောဆောင်မှု” အဖြစ် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry က ဆိုသည်။

လွန်ခဲ့သောရက်အနည်းငယ်က အီဂျစ်၊ ဂျော်ဒန်၊ ယူအေအီး၊ တူရကီနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ တန်နှင့်ချီသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများမှာ အစ္စရေး၏ ပိတ်ဆို့ထားမှုများကြောင့် ဂါဇာဒေသသို့ လွှဲပြောင်းပေးရန် ရာဖာနယ်စပ်မြို့အနီး စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသော အစ္စရေး-ဟားမက်စ် ပဋိပက္ခကြောင့် နှစ်ဖက်လုံးတွင် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Sisi, Biden agree on “sustainable” aid delivery to Gaza via Rafah crossing
CAIRO, Oct. 19 (Xinhua) — Egyptian President Abdel-Fattah al-Sisi and his U.S. counterpart, Joe Biden, agreed on the delivery of humanitarian aid into the Gaza Strip through the Rafah crossing “in a sustainable manner,” the Egyptian presidency said in an overnight statement Thursday.
In a phone conversation, Biden appreciated Egypt’s efforts toward achieving peace and stability in the region, said the statement.
Relevant authorities in the two countries will coordinate with international humanitarian organizations under the supervision of the United Nations to secure the arrival of aid, it said.
The talks came hours after Biden wrapped up a visit to Tel Aviv.
Earlier on Wednesday, Sisi expressed Egypt’s firm support for the Palestinian people and its strong rejection of any attempt to relocate them to Egypt’s Sinai Peninsula.
On the same day, Israel’s wartime cabinet decided to allow basic humanitarian aid from Egypt into the Gaza Strip, a development that Egyptian Foreign Minister Sameh Shoukry described as “positive.”
Over the last few days, tons of humanitarian aid supplies from Egypt, Jordan, the United Arab Emirates, Türkiye and the World Health Organization have been waiting near the Rafah crossing to be delivered to Gaza but blocked by Israeli bombardments.
The ongoing Israel-Hamas conflict has killed more than 4,000 people on both sides.
Photo: People hold the bodies of children who died in an Israeli airstrike in the southern Gaza Strip city of Rafah on Oct. 8, 2023. (Photo by Khaled Omar/Xinhua)