Connect with us

China

“ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေး တရုတ်နိုင်ငံ၏ အားပေးဆောင်ရွက်မည့် လုပ်ဆောင်ချက် ၈ ရပ်အား သမ္မတ ရှီကျင့်ဖိန် ကြေညာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသော တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၈ ရက်က ကျင်းပသည့် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေး အားပေးဆောင်ရွက်မည့် လုပ်ဆောင်ချက် ၈ ရပ်အား ကြေညာခဲ့သည်။
အဆိုပါ လုပ်ဆောင်ချက် ၈ ရပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသော တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသော တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နိုင်ငံတကာဧည့်သည်တော်များ တက်ရောက်လာကြသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၁။ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ကို သုံးဖက်မြင် အပြန်အလှန်ချိတ်ဆက်သည့် ကွန်ရက်အဖြစ် တည်ဆောက်မည်
တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဥရောပ အရည်အသွေးမြင့် တိုးတက်ရေးကို အရှိန်အဟုန်မြှင့် တွန်းအားပေး ဆောင်ရွက်မည် ဖြစ်သလို ကက်စပီယံပင်လယ်ဖြတ်ကျော် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး စင်္ကြံ တည်ဆောက်မှုတွင် ပါဝင်သွားမည် ဖြစ်သည်။ တရုတ်-ဥရောပ အဝေးပြေး ရထားလုပ်ငန်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ကောင်းမွန်စွာ ကျင်းပသွားမည် ဖြစ်သလို ဘက်ပေါင်းစုံနှင့်လည်း ရထားလမ်း၊ ကားလမ်း တိုက်ရိုက် သယ်ယူပို့ဆောင်မှုကို အဓိကထားသည့် ယူရေးရှားကုန်းမြေ ကုန်စည် စီးဆင်းမှုလမ်းကြောင်းသစ်ကို တည်ဆောက်သွားမည် ဖြစ်သည်။ “ပိုးလမ်းမ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး ” အရ ဆိပ်ကမ်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး တစ်ပေါင်းတစ်စည်းတည်း ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်အားထက်သန်စွာ တွန်းအားပေး ဆောင်ရွက်ခြင်းဖြင့် ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း လမ်းကြောင်းသစ်၊ လေကြောင်း ပိုးလမ်းမ တည်ဆောက်မှုကို အရှိန်မြှင့်တင်သွားမည် ဖြစ်သည်။

၂။ ပွင့်လင်းသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ဆောက်မှုကို အားပေးထောက်ခံမည်

တရုတ်နိုင်ငံအနေဖြင့် “ပိုးလမ်းမ e-commerce”ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရှေ့ပြေးဇုန်များ တည်ထောင်သွားမည်ဖြစ်သလို ပိုမိုများပြားသောနိုင်ငံများနှင့်အတူ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်များနှင့် ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး သဘောတူစာချုပ်များ ချုပ်ဆိုသွားမည် ဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရေးဆိုင်ရာ ကန့်သတ်ချက်များအားလုံး ဖယ်ရှားသွားမည် ဖြစ်သည်။ နိုင်ငံတကာ စံချိန်မြင့် ကုန်သွယ်စီးပွား စည်းမျဉ်းစည်းကမ်းများနှင့်အညီ နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အဆင့်မြင့် တံခါးဖွင့်ရေးကို နက်ရှိုင်းစွာ တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ရာ ဒစ်ဂျစ်တယ်ထုတ်ကုန်ပစ္စည်း စသည့်တို့ ဈေးကွက်အတွင်း ဝင်ရောက်မှုကို တိုးချဲ့သွားမည် ဖြစ်သလို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် အစိုးရမှဝယ်ယူပေးခြင်း စသည်တို့ကဏ္ဍများ နက်ရှိုင်းပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် ကုန်စည်ပြပွဲကိုလည်း နှစ်စဉ် ကျင်းပသွားမည်ဖြစ်သည်။ လာမည့် ၅ နှစ် (၂၀၂၄ -၂၀၂၈ ခုနှစ်) အတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုများ၌ စုစုပေါင်း ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၂ ထရီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၅ ထရီလီယံကျော် အသီးသီးရှိမည်ဟု ခန့်မှန်းထားသည်။

၃။ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်မည်
တရုတ်နိုင်ငံအနေဖြင့် အထင်ကရစီမံကိန်းများနှင့် “သေးငယ်၍ ကောင်းမွန်”သော ပြည်သူ့အခြေပြု အသေးစားစီမံကိန်းလေးများကို တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်သည်။ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ် (CDB)၊ တရုတ်နိုင်ငံ သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ ဘဏ် (CEXIM) တို့သည် တရုတ်ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံရေး ပြတင်းပေါက်ကို ဖွင့်လှစ်ပေးမည် ဖြစ်ပြီး ပိုးလမ်းမ ရန်ပုံငွေကို ဖြည့်တင်းပေးမည်ဖြစ်ရာ ဈေးကွက်အသွင်၊ စီးပွားရေးအသွင်ဖြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး စီမံကိန်းများကို ထောက်ခံအားပေးသွားမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် ပြည်သူ့အခြေပြု အသက်မွေးဝမ်းကျောင်းအထောက်အကူပြုရေး အသေးစားစီမံကိန်း ၁,၀၀၀ ကို ဖော်ဆောင်သွားမည် ဖြစ်ရာ Luban အလုပ်ရုံ စသည်တို့မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများအတွင်း အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး စီမံကိန်းနှင့် လူပုဂ္ဂိုလ် လုံခြုံရေး အာမခံမှုရှိအောင် ဘက်ပေါင်းစုံနှင့် မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်သည်။

၄။ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်မည်
တရုတ်နိုင်ငံသည် အစိမ်းရောင်အခြေခံအဆောက်အဦ၊ အစိမ်းရောင်စွမ်းအင်၊ အစိမ်းရောင် လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်သည်။
“ရပ်ဝန်းနှင့်ပိုးလမ်းမ” အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး အပြည်ပြည်ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ (BRIGC) အပေါ် အားပေးမှုကို မြှင့်တင်သွားမည် ဖြစ်သလို “ရပ်ဝန်းနှင့်ပိုးလမ်းမ” အစိမ်းရောင် ဆန်းသစ်ဖန်တီးရေး ညီလာခံကို ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ငန်း တွေ့ဆုံဆွေးနွေးမှုယန္တရားနှင့် အစိမ်းရောင် ကာဗွန်လျော့နည်းရေး ပညာရှင်များကွန်ရက်ကို တည်ဆောက်သွားမည် ဖြစ်သည်။ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အစိမ်းရောင် ရင်းနှီးမြှုပ်နှံရေး အခြေခံမူကို အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ရာ ၂၀၃၀ ပြည့်နှစ်တွင် မိတ်ဖက်နိုင်ငံများအတွက် လူဦးရေ ၁ သိန်းအား မွမ်းမံသင်တန်း ပေးရန် ပံ့ပိုးသွားမည် ဖြစ်သည်။

၅။ သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှုကို တွန်းအားပေးမည်
တရုတ်နိုင်ငံအနေဖြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးရေး အစီအစဉ်များကို ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ပြီး ပထမအကြိမ်မြောက် “ရပ်ဝန်းနှင့်ပိုးလမ်းမ” သိပ္ပံနည်းပညာဖလှယ်ပွဲကို ကျင်းပသွားမည် ဖြစ်သည်။ လာမည့် ၅ နှစ်တွင် ဘက်ပေါင်းစုံနှင့်အတူ ပူးတွဲဓာတ်ခွဲခန်း ၁၀၀ အထိ တည်ဆောက်သွားမည် ဖြစ်ပြီး နိုင်ငံ အသီးသီးရှိ လူငယ်သိပ္ပံပညာရှင်များ တရုတ်နိုင်ငံသို့ ကာလတို လာရာက်အလုပ်လုပ်ကိုင်ခြင်းကို အားပေးသွားမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် ယခုထိပ်သီးအစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု (AI) စီမံခန့်ခွဲရေး အဆိုပြုချက်ကို အဆိုပြုမည် ဖြစ်ရာ နိုင်ငံအသီးသီးနှင့်အတူ ဆွေးနွေးဖလှယ်မှုများ မြှင့်တင်၍ ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု (AI) နည်းပညာ စနစ်ကျ၊ ကောင်းမွန်၊ ဘေးကင်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတွန်းအားပေး ဆောင်ရွက်သွားရန် ဆန္ဒရှိပေသည်။

၆။ ပြည်သူချင်း သွားလာဆက်ဆံရေးကို အားပေး ဆောင်ရွက်မည်
တရုတ်နိုင်ငံသည် “Liangzhu Forum” ကို ကျင်းပသွားမည် ဖြစ်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး နိုင်ငံများ၏ ယဉ်ကျေးမှု တွေ့ဆုံဆွေးနွေးရေးကို နက်ရှိုင်းအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။ တည်ထောင်ပြီးခဲ့သော ပိုးလမ်းမ နိုင်ငံတကာ ပြဇာတ်ရုံ၊ အနုပညာပွဲတော်၊ ပြတိုက်၊ အနုပညာပြခန်း၊ စာကြည့်တိုက် မိတ်ဖက်အဖွဲ့များပေါ်တွင် အခြေခံပြီး ပိုးလမ်းမ ခရီးသွားမြို့ မိတ်ဖက်အဖွဲ့များကို တည်ထောင်သွားမည် ဖြစ်သည်။ “ပိုးလမ်းမ” တရုတ်နိုင်ငံအစိုးရ ပညာသင်ဆု စီမံကိန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

၇။ ဂုဏ်သိက္ခာ၊ သမာဓိရှိသော လမ်းကို တည်ဆောက်မည်

တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များနှင့်အတူ 《 “ရပ်ဝန်းနှင့်ပိုးလမ်းမ”၏ ဂုဏ်သိက္ခာတည်ဆောက်ရေး အောင်မြင်မှုနှင့်အလားအလာ》ကို ထုတ်ပြန်သွားမည် ဖြစ်သလို 《“ရပ်ဝန်းနှင့်ပိုးလမ်းမ”ဂုဏ်သိက္ခာတည်ဆောက်ရေး အဆင့်မြင့်စည်းမျဉ်း》ကိုလည်း ထုတ်ပြန်သွားမည် ဖြစ်သည်။ “ရပ်ဝန်းနှင့်ပိုးလမ်းမ” လုပ်ငန်းများ၏ ဂုဏ်သိက္ခာ၊ သမာဓိဆိုင်ရာ အကဲဖြတ်မှုစနစ်ကို တည်ဆောက်သွားမည် ဖြစ်ပြီး “ရပ်ဝန်းနှင့်ပိုးလမ်းမ” ဂုဏ်သိက္ခာ သမာဓိ ဆိုင်ရာ သုတေသနနှင့် မွမ်းမံသင်တန်းများကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

၈။ “ရပ်ဝန်းနှင့်ပိုးလမ်းမ” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်သွားမည်

တရုတ်နိုင်ငံအနေဖြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” မိတ်ဖက်နိုင်ငံများနှင့်အတူ စွမ်းအင်၊ အခွန်စည်းကြပ်မှု၊ ဘဏ္ဍာရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝဘေးအန္တရာယ်လျှော့ချရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ပညာရှင်အဖွဲ့၊ မီဒီယာ၊ ယဉ်ကျေးမှုစသည့် ကဏ္ဍများ၏ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းကို တည်ဆောက်သွားမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” ထိပ်သီးအစည်းအဝေးများကို ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး ထိပ်သီးအစည်းအဝေးဆိုင်ရာ အထွေထွေအတွင်းရေးမှူးဌာနကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်သည်။ (Xinhua)

………………………….
(Chinese Version)
新华社权威速览 | 习近平宣布中国支持高质量共建“一带一路”的八项行动
10月18日,国家主席习近平在第三届“一带一路”国际合作高峰论坛开幕式上发表主旨演讲,宣布中国支持高质量共建“一带一路”的八项行动。
一、构建“一带一路”立体互联互通网络。中方将加快推进中欧班列高质量发展,参与跨里海国际运输走廊建设,办好中欧班列国际合作论坛,会同各方搭建以铁路、公路直达运输为支撑的亚欧大陆物流新通道。积极推进“丝路海运”港航贸一体化发展,加快陆海新通道、空中丝绸之路建设。
二、支持建设开放型世界经济。中方将创建“丝路电商”合作先行区,同更多国家商签自由贸易协定、投资保护协定。全面取消制造业领域外资准入限制措施。主动对照国际高标准经贸规则,深入推进跨境服务贸易和投资高水平开放,扩大数字产品等市场准入,深化国有企业、数字经济、知识产权、政府采购等领域改革。中方将每年举办“全球数字贸易博览会”。未来5年(2024-2028年),中国货物贸易,服务贸易进出口额有望累计超过32万亿美元,5万亿美元。
三、开展务实合作。中方将统筹推进标志性工程和“小而美”民生项目。中国国家开发银行、中国进出口银行将设立人民币融资窗口,丝路基金新增资金,以市场化、商业化方式支持共建“一带一路”项目。中方还将实施1000个小型民生援助项目,通过鲁班工坊等推进中外职业教育合作,并同各方加强对共建“一带一路”项目和人员安全保障。
四、促进绿色发展。中方将持续深化绿色基建、绿色能源、绿色交通等领域合作,加大对“一带一路”绿色发展国际联盟的支持,继续举办“一带一路”绿色创新大会,建设光伏产业对话交流机制和绿色低碳专家网络。落实“一带一路”绿色投资原则,到2030年为伙伴国开展10万人次培训。
五、推动科技创新。中方将继续实施“一带一路”科技创新行动计划,举办首届“一带一路”科技交流大会,未来5年把同各方共建的联合实验室扩大到100家,支持各国青年科学家来华短期工作。中方将在本届论坛上提出全球人工智能治理倡议,愿同各国加强交流和对话,共同促进全球人工智能健康有序安全发展。
六、支持民间交往。中方将举办“良渚论坛”,深化同共建“一带一路”国家的文明对话。在已经成立丝绸之路国际剧院、艺术节、博物馆、美术馆、图书馆联盟的基础上,成立丝绸之路旅游城市联盟。继续实施“丝绸之路”中国政府奖学金项目。
七、建设廉洁之路。中方将会同合作伙伴发布《“一带一路”廉洁建设成效与展望》,推出《“一带一路”廉洁建设高级原则》,建立“一带一路”企业廉洁合规评价体系,同国际组织合作开展“一带一路”廉洁研究和培训。
八、完善“一带一路”国际合作机制。中方将同共建“一带一路”各国加强能源、税收、金融、绿色发展、减灾、反腐败、智库、媒体、文化等领域的多边合作平台建设。继续举办“一带一路”国际合作高峰论坛,并成立高峰论坛秘书处。
1,3. 10月18日,国家主席习近平在北京人民大会堂出席第三届“一带一路”国际合作高峰论坛开幕式并发表主旨演讲。
2. 10月18日,国家主席习近平在北京人民大会堂出席第三届“一带一路”国际合作高峰论坛开幕式并发表主旨演讲。这是习近平同国际贵宾集体合影。
4. 10月18日,国家主席习近平在北京人民大会堂出席第三届“一带一路”国际合作高峰论坛开幕式并发表主旨演讲。这是习近平同国际贵宾步入会场。