Connect with us

Media

ပါလက်စတိုင်း၊ အစ္စရေးတို့က ဆေးရုံတိုက်ခိုက်မှုအပေါ် အပြန်အလှန်ပြစ်တင်နေစဉ် အစ္စရေးသို့ ဘိုင်ဒန် ရောက်ရှိလာ

ဂျေရုဆလမ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြီးတစ်ခုက ဂါဇာဒေသရှိ ခရစ်ယာန်ဆေးရုံအား အောက်တိုဘာ ၁၇ ရက် ညပိုင်းတွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ဆေးရုံဝင်းအတွင်း သေဆုံးသည့်ရုပ်အလောင်းများအကြားတွင် ဆရာဝန်များက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဂါဇာဒေသရှိ တစ်ခုတည်းသော ခရစ်ယာန်ဆေးရုံတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။စစ်တပ်ဖြင့်ဝိုင်းထားသည့် နယ်မြေအတွင်းသို့ အကူအညီများ ခွင့်ပြုထားခြင်း မရှိသေး ဂါဇာဒေသရှိ အကျပ်အတည်းများက နက်ရှိုင်းလာသည့်အတွက်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအား ချက်ချင်းလုပ်ဆောင်ရန် ကုလသမဂ္ဂက တောင်းဆိုခဲ့သည်။

Palestinian Islamic Jihad (PIJ) တိုက်ခိုက်မှုအား အစ္စရေးစစ်တပ်က ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းဖြစ်စဉ်က Islamic Jihad တိုက်ခိုက်သူများ၏ မှားယွင်းပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး PIJ က ထိုကဲ့သို့သော စွပ်စွဲချက်များအား ငြင်းဆိုကာ ယင်းတိုက်ခိုက်မှုမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် သက်သေများက အတည်ပြုပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် စစ်ဖြစ်ပွားချိန်တွင် အစ္စရေးနိုင်ငံသို့ အောက်တိုဘာ ၁၈ ရက်က သမိုင်းဝင်ရောက်ရှိလာခဲ့ပြီး စစ်ပွဲကာလအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးခရီးစဉ် ဖြစ်ကာ အောက်တိုဘာ ၇ ရက်မှစတင်၍ အစ္စရေးကို ထောက်ခံကြောင်း အရှင်းလင်းဆုံးနှင့်အခိုင်မာဆုံး ပြသခဲ့ခြင်း ဖြစ်သည်။ ဘိုင်ဒန်က ဆေးရုံအတွင်း ပေါက်ကွဲမှုအား စိတ်ဆိုးဒေါသထွက်ခဲ့ရကြောင်း ဖော်ပြသော်လည်း အစ္စရေးကိုမဟုတ်ဘဲ အခြားအဖွဲ့အား အပြစ်တင်ခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက နှစ်နိုင်ငံအကြား ပြတ်သားသောပံ့ပိုးကူညီမှု နှင့် မကြံစဖူး ပူးပေါင်းဆောင်ရွက်မှုအတွက် ဘိုင်ဒန်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Palestinians, Israel trade blame over hospital attack while Biden visits the region
STANDUP 1 (English): OHOOD AL-JAGHOUB, Xinhua reporter in Ramallah
“A massive Israeli airstrike targeted the Baptist hospital in Gaza last night. Doctors held a press conference among the piles of dead bodies in the hospital yard, and announced that over 500 Palestinians lost their lives in the attack on the only Christian hospital in Gaza. UN calls for an immediate humanitarian ceasefire as the crisis in Gaza is deepening, with aid still not allowed into the besieged territory.
The Israeli army blamed the attack on the Palestinian Islamic Jihad (PIJ), and claimed that the incident was a result of a misfired rocket by Islamic Jihad fighters, while the PIJ denied such allegations, saying that eyewitnesses and proof confirmed that it was an Israeli airstrike.”
STANDUP 2 (English): WANG ZHUOLUN, Xinhua correspondent in Jerusalem
“Also on Wednesday, U.S. President Joe Biden made a historic arrival in wartime Israel, the first trip to the country by an American president during a time of war, marking his most clear and strong public show of support for Israel since Oct. 7. Biden expressed outrage at the explosion in the hospital, but assigned blame to “the other team” and not Israel. Israeli Prime Minister Benjamin Netanyahu thanked Biden for the “unequivocal support” and “unprecedented” cooperation between the two nations.”
Xinhua News Agency correspondents reporting from Ramallah, Jerusalem and Cairo.(XHTV)