ဟူလူသောင်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) “မသန်စွမ်း တိရစ္ဆာန်လေးတစ်ကောင်ကကျွန်တော်ဖန်တီးထားတဲ့ ဘီးတပ်ကုလားထိုင်ရဲ့အကူအညီနဲ့ လမ်းပြန်လျှောက်လာနိုင်တာကို တွေ့ရပြီး ဝမ်းသာမျက်ရည်ကျကြတဲ့ သူတို့ရဲ့သခင်တွေကို တွေ့တဲ့အခါ ကျွန်တော့်ရင်ထဲက ကြည်နူးမိပါတယ်”ဟု တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်မှ ကောင်းရှောင်တုန်းက ဆိုသည်။ ကောင်းရှောင်တုန်းသည် တိရစ္ဆာန်လေးများအတွက် ဘီးတပ်ကုလားထိုင်ကို ၁၇ နှစ်ကြာပြုလုပ်ခဲ့သူဖြစ်ပြီး တိရစ္ဆာန်သုံးဘီးတပ်ကုလားထိုင်ပေါင်း ၈၀,၀၀၀...
ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် မေ (၅) ရက်မှ (၁၇) ရက်အထိ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ဇွန် (၃) ရက်မှ (၉) ရက်အထိကျင်းပမည့်(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူခြင်း အခမ်းအနား...
ဝူးလူမုချိ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဓိကဝါစိုက်ပျိုးထုတ်လုပ်သည့် နေရာဖြစ်သော ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကျယ်ပြန့်လှသော စိုက်ခင်းသည် စက်ကိရိယာသံများနှင့်အတူ ဝါဂွမ်းစိုက်ပျိုးရာသီသို့ ဝင်ရောက်လာပြီဖြစ်သည်။ ရှင်းကျန်းဒေသတွင် ဝါစိုက်ပျိုးထုတ်လုပ်သည် အခြား ကမ္ဘာ့နိုင်ငံများအတွက် စံပြဖြစ်လာခဲ့ပြီး အခြားနိုင်ငံများ အထူးသဖြင့် အာဖရိက စသည့် ဒေသတွင်းနိုင်ငံများအတွက်လည်း...
နယူးဒေလီ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) “ထျန်းကုန်းအာကာသစခန်းမှ အာကာသယာဉ်မှူးများနှင့်စကားဝိုင်း” Shenzhou-15 အာကာသယာဉ်မှူးများနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံမှလူငယ်များ အမေးအဖြေအစီအစဉ်ကို ဧပြီ ၂၀ ရက်တွင် ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံမှ လူငယ်လူရွယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua) …………………………………… (Chinese Version) 印度青少年应邀参加“天宫对话”活动...
ရန်ကုန် ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ထျန်းကုန်းအာကာသစခန်းမှ အာကာသယာဉ်မှူးများနှင့်စကားဝိုင်း – Shenzhou-15 အာကာသယာဉ်မှူးများနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင် နိုင်ငံမှလူငယ်များ အမေးအဖြေအစီအစဉ် အွန်လိုင်းသင်ခန်းစာ တိုက်ရိုက်တွေ့ဆုံမှုအား ဧပြီ ၂၀ ရက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အခြေခံပညာအထက်တန်းကျောင်း လေးကျောင်း မှ...
ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံး၌ နှစ်သစ်ကူးကလာဖြစ်သည့် ဧပြီ ၁၃ ရက်မှ ၁၆ ရက် သင်္ကြန်ရက်များအတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၄ မှု ဖြစ်ပွားခဲ့ပြီး၊ လူ၁၆ ဦးသေဆုံးခဲ့ကာ အခြားသူ ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးမြင့်ဦးက ဆင်ဟွာသို့...
အစ္စတန်ဘူလ်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံသည် စွမ်းအင်တင်သွင်းခြင်းအပေါ်အမှီပြုမှုကို လျှော့ချရန် ရည်ရွယ်ထားသည့် အထင်ကရစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပင်လယ်နက်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ပို့လွှတ်မှုအား ဧပြီ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပင်လယ်ရေမျက်နှာပြင်အောက် ၁၇၀ ကီလိုမီတာရှည်လျားသော ပိုက်လိုင်းမှတစ်ဆင့် Sakarya ကမ်းလွန်ရေနံလုပ်ကွက်တွင် ပင်လယ်ရေအောက်အနက် မီတာ ၂,၂၀၀...
ဝါရှင်တန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လာမည့်ရက်သတ္တပတ်တွင် ရွေးကောက်ပွဲပြန်ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ၎င်း၏ ဆုံးဖြတ်ချက်ကို ကြေညာနိုင်ဖွယ်ရှိကြောင်း သိရသည်။ The Washington Post သတင်းစာ၊ The Associated Press နှင့် Bloomberg အပါအဝင် အမေရိကန်နိုင်ငံရှိ သတင်းဌာနများစွာက ဧပြီ...
ဂျကာတာ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရှိ နေရာအသီးသီးမှ ထောင်ပေါင်းများစွာသော လူများက တယ်လီစကုပ်များနှင့် အကာအကွယ်မျက်မှန်များဖြင့် ဆယ်စုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာဖြစ်ပွားသော နေတစ်စိတ်တစ်ပိုင်းကြတ်ခြင်း ဖြစ်စဉ်ကို ကြည့်ရှုရန် စုဝေးရောက်ရှိခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာရှိ ဂျကာတာ နက္ခတ်တာရာ ပြခန်းတွင် စိတ်လှုပ်ရှားနေသော လူစုလူဝေးကြီးက တိမ်ဖုံးလွှမ်းနေသော နေကြတ်ခြင်းဖြစ်စဉ်အပေါ်တအံ့တဩပြောဆိုနေကြချိန်တွင်...
ချုံချင့်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယန်ဇီမြစ်ကြောင်း ချုံချင့်မြို့အပိုင်းရှိ ကော်ယွမ်ဆိပ်ကမ်းသည် တရုတ်နိုင်ငံပြည်တွင်းမြစ်ကြောင်းများရှိ အကြီးဆုံးသော ရေလမ်း-ကုန်းလမ်း-မီးရထားလမ်း နည်းလမ်းအသွယ်သွယ်ဖြင့် ချိတ်ဆက် သယ်ယူပို့ဆောင်နိုင်သော အချက်အချာကျသည့် ဆိပ်ကမ်း ဖြစ်သည်။ ယခုနှစ် ပထမ သုံးလပတ်တွင် ကော်ယွမ်ဆိပ်ကမ်း၌ ကုန်စည်စီးဆင်းပမာဏ တန်ချိန် ၆.၁၉ သန်းကို...