Connect with us

Politics, Law & Military

မြန်မာနိုင်ငံက ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားအား နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့ကြောင်း ယနေ့ အောက်တိုဘာ ၆ ရက် နိုင်ငံပိုင်နေ့စဉ်သတင်းစာ မြန်မာ့အလင်းတွင် သတင်းဖော်ပြခဲ့သည်။ယင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

အခမ်းအနားတွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၊ ထူးချွန်ဆရာ ဆရာမများ၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ ကျင်းပခဲ့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာသင်ကျောင်းများ၌လည်း အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။ယခု ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်မှာ “ဆရာ့အသံများကို အလေးထားခြင်း” ဖြစ်ပါသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117