China
တရုတ်နိုင်ငံ၏ နျူကလီးယားမူဝါဒက ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာမှုကို ဖြည့်တင်းပေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆို
ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
တရုတ်၏ နျူကလီးယားမူဝါဒမှာ ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုကို ဖြည့်တင်းပေးသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြို့တော်ပေကျင်းတွင် ဧပြီ ၂၀ ရက်၌ ပြောကြားခဲ့သည်။လာမည့် ၁၁ ကြိမ်မြောက် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) အဖွဲ့ဝင်နိုင်ငံများ၏ ပြန်လည်သုံးသပ်ရေးညီလာခံနှင့် ဆက်စပ်သော မေးမြန်းချက်ကို နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားရာ၌ ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်ဘက်မှ တင်သွင်းသော အစီရင်ခံစာက တရုတ်နိုင်ငံ၏ နျူကလီးယားမူဝါဒ၏ မြင့်မားသော တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုကို ထပ်မံအတည်ပြုကြောင်း ကောက ပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရေးဆိုင်ရာ နျူကလီးယား မဟာဗျူဟာနှင့် နျူကလီးယားလက်နက်များအား “ပထမဆုံးအသုံးမပြုရေး” မူဝါဒကို လိုက်နာပြီး ၎င်း၏ နျူကလီးယားစွမ်းရည်များကို အမျိုးသားလုံခြုံရေးအတွက် လိုအပ်သည့် အနိမ့်ဆုံးအဆင့်တွင် ထားရှိကာ မည်သည့်နိုင်ငံနှင့်မျှ လက်နက်ပြိုင်ဆိုင်မှုတွင် ပါဝင်ရန် ရည်ရွယ်ချက်မရှိသဖြင့် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုကို ဖြည့်တင်းပေးသည်ဟုလည်း ကောက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China’s nuclear policy injects stability, certainty to the world: FM spokesperson
BEIJING, April 20 (Xinhua) —
China’s nuclear policy has injected stability and certainty to the world, a Chinese foreign ministry spokesperson said here Monday.Spokesperson Guo Jiakun made the remarks at a daily press briefing in response to a query related to the upcoming Eleventh Review Conference of the Parties to the Treaty on the Non-Proliferation of Nuclear Weapons (NPT).Guo said that the report submitted by the Chinese side reaffirmed the high responsibility and transparency of China’s nuclear policy.China follows a defensive nuclear strategy and a policy of “no first use” of nuclear weapons, keeps its nuclear capabilities at the minimum level required by national security, and has no intention to engage in arms race with any country, which injected stability and certainty to the world, Guo added. ■
English CaptionAn aerial drone photo taken in June 2024 shows a view of the Tianwan Nuclear Power Station in Lianyungang City, east China’s Jiangsu Province. (China National Nuclear Corporation/Handout via Xinhua)
