ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအနက် အခက်အခဲရှိ၍ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက် လာသူများအနက် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူဦးရေသည် ၆ လကျော်အတွင်း ၁၄၅,၅၆၉ ဦး ရှိကြောင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် ယနေ့(အောက်တိုဘာ ၂၁ ရက်) ညပိုင်းထိ COVID-19 ရောဂါကြောင့် သေဆုံးသူ ၉၇၂ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှင့် နိုင်ငံရေးပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၈၃၁ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ...
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ လေးထပ်အဆောက်အဦတစ်ခုတွင် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး အခြားသူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ရောဂါ ဖြစ်ပွားမှုသည် အကျပိုင်းတွင် ရှိလာနေပြီး ထပ်မံကျဆင်းရန် ကြိုးစားနေကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး...
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာ့မီးရထားသည် ကုန်စည်တန်ချိန် နှစ်သန်းကျော် သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း မြန်မာ့မီးရထား စီးပွားရေးဌာနမှ သိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသို့ လာရောက်သော တရုတ်နိုင်ငံမှ ခရီးသွားအုပ်စုသည် ပထမဆုံးအသုတ်အဖြစ် အောက်တိုဘာ ၂၀ ရက် ညနေတွင် ဘန်ကောက်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် ၃၉,၉၇၇ ဒဿမ ၅၂ဧက ကိုထပ်မံသတ်မှတ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြုပေးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ဆင်ဟွာသို့ အောက်တိုဘာ ၂၁ ရက်တွင်ပြောသည်။
ပေကျင်း၊အောက်တိုဘာ၂၁ ရက် (ဆင်ဟွာ) လေ့လာမှုများအရဗိုင်းရပ်စ်သန္ဓေမည်သို့ပင်ပြောင်းလဲစေကာမူ COVID-19 ကာကွယ်ဆေးဖော်ထုတ်မှုအပေါ်ထိခိုက်မှုရှိမည်မဟုတ်ကြောင်းတရုတ်နိုင်ငံတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အသက် ၉ နှစ် မှ ၁၀ နှစ်အတွင်း မိန်းကလေး ၄၅၀,၀၀၀ ကျော်ခန့်ကို သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ (Human Papillomavirus Vaccine – HPV) ကာကွယ်ဆေး) ကို ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၏...