ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာ ၁ရက်မှ ၃၁ ရက်အထိ တစ်လထပ်မံရပ်ဆိုင်းမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့(စက်တင်ဘာ ၂၉ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအရ ပြီးခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၅,၉၆၂ ခုအား စစ်ဆေးခဲ့ရာ အတည်ပြု လူနာသစ် ၇၉၅ ဦး တွေ့ရှိပြီး သေဆုံးလူနာ ၂၈ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား...
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထားကြေညာပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက COVID-19 အလွန်ခေတ်တွင် ကမ္ဘာ့အုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံတကာအစီအစဉ် တိုးတက်မှုရှိစေရန် မှန်ကန်သောရွေးချယ်မှုပြုလုပ်ရန် နိုင်ငံအားလုံးကို စက်တင်ဘာ ၂၈ ရက်က တိုက်တွန်းပြောကြားလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ရေးထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတကာ နှင့် ကုန်သွယ်ရေး မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အွန်လိုင်းမှ တဆင့် ကုန်သည်အချင်းချင်းချိတ်ဆက်ပေးသည့် စနစ်အား ကျင့်သုံးလျက်ရှိကြောင်း၊ ဆက်လက်၍ အွန်လိုင်း ကုန်စည်ပြပွဲများအားဆောင်ရွက်၍ ကုန်သွယ်ရေးအား မြှင့်တင်သွားရန်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး...
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၁) နှစ်မြောက်အထိမ်းအမှတ် ၊ တရုတ်-မြန်မာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှစ် (၇၀) ပြည့်အထိမ်းအမှတ် ၊ တရုတ်-မြန်မာယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂ဝ ပြည့်နှစ် မြန်မာနိုင်ငံတွင် “တရုတ်ရုပ်ရှင်ပွဲတော်” ကို အောက်တိုဘာ ၁ ရက်မှ စ၍ အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်...
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ဝင်ရောက်ပြသရန် စီးပွားရေးပြခန်းများအတွက် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများက စက်တင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အခြားသော တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များသည် အလွှာအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ကျဆုံးလေပြီးသော နိုင်ငံ့သူရဲကောင်းများအား လွမ်းသူ့ပန်းခြင်းချခြင်းဖြင့် ဂုဏ်ပြုကြမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်အရ...
န်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ယခင်က မြို့ပတ်ရထားစီးနင်းသူ တစ်ရက်လျှင် ၁၈,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ COVID-19 ရောဂါအခြေအနေကြောင့် Stay at Home များ လုပ်ထားသည့်အချိန် တွင် တစ်ရက်လျှင်ရထားစီးနင်းသူ ၄,၀၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် (၆) မှ...
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်အတွင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်အထိ စုစုပေါင်း တန်ချိန် ၂ ဒသမ ၅၃ သန်းကျော် တင်ပို့ထားပြီး...