ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဒုတိယ အကြိမ် မြန်မာ နိုင်ငံ တောင်ပိုင်းဒေသ တွင် တရုတ်ဘာသာစကား သင်ကြားပေးနေသည့် ဆရာ/ဆရာမ များနှင့် လုပ်အားပေးပုဂ္ဂိုလ်များ အသင်း တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ယုဇန ဟိုတယ် တွင် နိုဝင်ဘာ ၂၈ ရက် မှ...
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို အရည်အသွေး စစ်ဆေးရန် ကုန်သွယ်ဖက် နိုင်ငံများ၏ ဆိပ်ကမ်း များ၌ စစ်ဆေးရေး အဖွဲ့များ (Inspection Team) ကို လာမည့်နှစ်အတွင်း စတင်ထားရှိရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ) ဆန်ဖရန်စစ္စကိုမြူနီစပယ်ပို့ဆောင်ရေးအေဂျင်စီ (SFMTA) က ၎င်းတို့၏ အီးမေးလ်စနစ်များ အပါအဝင် ကွန်ပြူတာအတွင်းစနစ်အချို့အား အနှောင့်အယှက်ပြုသည့် အန္တရာယ်ရှိ ဆော့ဖ်ဝဲလ်ဖြင့် တိုက်ခိုက်ခြင်းခံရခဲ့ကြောင်း နိုဝင်ဘာ ၂၈ရက်က ပြောကြားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန် တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် နိုင်ငံ၏ အချုပ်အခြာ ထိပါးမှု တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ် အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး...
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ယနေ့ မနက်(၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည် ဟု...
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲတွင် တွေ့ရှိသော M-150အချိုရည်ပုလင်းအတွင်း အရည်များသည် ပေါက်ကွဲစေသော ဓာတုပစ္စည်းများမဟုတ်ဘဲ ဒဏ်ကြေလိမ်းဆေးအဆီများဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ...
ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ၂၀၁၇ အာဆီယံ အသက်(၁၈)နှစ်အောက်ဘောလုံးပြိုင်ပွဲ နှင့် ၂၀၁၈ အာရှ အသက်(၁၉)နှစ်အောက် ဘောလုံး ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ပဏာမ မြန်မာ ယူ၁၈ အသင်းသည် ဒီဇင်ဘာလ ၈ ရက် မှ ၂၇ရက်...
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အခြေစိုက် ယူနိုက်တက်လေကြောင်းလိုင်း (UA) မှ လေယာဉ်တစ်စီးတွင် အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့၍ နိုဝင်ဘာ ၂၈ရက် နေ့လည်ပိုင်းတွင် ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာလေဆိပ် (SFO) သို့ ပြန်လှည့်ခဲ့ရကြောင်း သိရသည်။
ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ဘုရင်သစ် တစ်ပါး တင်မြှောက်ရန်အတွက် အရေးကြီး ကိစ္စရပ်အား လွှတ်တော်သို့ အစိုးရအဖွဲ့က တင်သွင်းလိုက်ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပရာဝတ် ဝန်စူမန်က နိုဝင်ဘာလ ၂၉ ရက်က ပြောကြားလိုက်ကြောင်း သိရသည်။
ဆိုးလ်၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး က သမ္မတရာထူးစွန့်လွှတ်ခြင်းအပါအဝင် လွှတ်တော်၏ ဆုံးဖြတ်ချက်မှန်သမျှကို ၎င်းအနေဖြင့် လိုက်နာသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၉ရက်တွင်ပြောကြားခဲ့သည်။