ဘန်ဒါ ဆရီ ဘီဂါဝမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) Samsung Galaxy Note 7 ၏ ဘက်ထရီချို့ယွင်းချက်ကြောင့် ကမ္ဘာ့အနှံ့တွင်ပြန်လည်သိမ်းဆည်းနေသည့် ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ဘရူနိုင်းနိုင်ငံ လေကြောင်းလိုင်း Royal Brunei (RB) က ၎င်း၏ လေယာဉ်များပေါ်တွင် မီးလောင်မှု ဖြစ်ပွားတတ်သည့် Samsung...
နန်နင်း ၊ စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ံပြပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်တွင်ပြုလုပ်ခဲ့ပြီး ယင်းပြပွဲ၌ ပိုးလမ်းမကြီး တစ်လျှောက်တွင် ပါဝင်သည့် နိုင်ငံများ နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက တရုတ်နိုင်ငံနှင့် စက်မှုပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ၊ကုန်သွယ်ရေး နှင့်...
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်မှုတွင် ပထမအဆင့် အနေဖြင့် ရန်ကုန်မှ တောင်ငူမြို့သို့ ကီလိုမီတာ ၁ဝဝ ဖြင့် ပြေးဆွဲနိုင်ရေး အတွက် ၂ဝ၁၇ ခုနှစ်တွင် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒမတ်စကပ်စ် ၊ စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Idlib ပြည်နယ်၌ စက်တင်ဘာလ ၁ဝ ရက်တွင် ဆီးရီးယားတပ်ဖွဲ့ဝင်များ၏ လေကြောင်း တိုက်ခိုက်မှုဖြင့် သူပုန်တပ်သား ၂၄ ဦး သေဆုံးသွားကြောင်း စောင့်ကြည့်အကဲခတ်ရေးအဖွဲ့က ဆိုသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ များကိုကျော်လွှားနိုင်မည့် သယ်ယူပို့ဆောင်ရေးအစီအစဉ် တစ်ခုအနေဖြင့် မြစ်ကြောင်းသွား သယ်ယူ ပို့ဆောင်ရေး အစီအစဉ်ကို ယခုနှစ်အတွင်း အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင် ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဘဂ္ဂဒက်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့ ရှိ လူစည်ကားရာအရပ်တစ်ခုတွင် ဗုံးဖောက်ခွဲရန်ကြိုးစားခဲ့သည့် အသေခံဗုံးခွဲသမားတစ်ဦးအား အီရတ်လုံခြုံရေးတပ်ဖွဲ့များက စက်တင်ဘာ ၁၀ ရက်တွင် အသေပစ်ခတ်နိုင်ခဲ့သော်လည်း ဗုံးပေါက်ကွဲခဲ့၍ ပြည်သူ တစ်ဦး နှင့် အခြား ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခု ကပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား ဖွင့်လှစ်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။
တန်ဇန်းနီးယား၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ဘက်တွင် စက်တင်ဘာ ၁၀ ရက်က အင်အား ၅.၇ မဂ္ဂနီကျု ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ၁၁ဦး ထက်မနည်းသေဆုံးပြီး လူ၂၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဒမတ်စကပ်စ် ၊ စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ) အမေရိကန် နှင့် ရုရှား နိုင်ငံတို့က စက်တင်ဘာလ ၁ဝ ရက်တွင် အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ဆီးရီးယား နိုင်ငံအစိုးရက သဘောတူလက်ခံလိုက်ကြောင်း ဆီးရီးယားနိုင်ငံပိုင်း SANA သတင်းဌာနက ဖော်ပြလိုက်သည်။
ပေကျင်း ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့ရှိ Tsinghua တက္ကသိုလ်၌ စက်တင်ဘာလ ၁ဝ ရက်ကပြုလုပ်သည့် တရုတ်-အမေရိကန် ဆွာဇမန်ကောလိပ် (Schwarzman) ဖွင့်ပွဲအခမ်းအနားသို့ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။