Connect with us

Science & Technology

ရန်ကုန်-မန္တလေး အမြန်ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များ ၂ဝ၁၇ ခုနှစ်တွင် စတင် ဆောင်ရွက်မည်

ရထားများအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်မှုတွင် ပထမအဆင့် အနေဖြင့် ရန်ကုန်မှ တောင်ငူမြို့သို့ ကီလိုမီတာ ၁ဝဝ ဖြင့် ပြေးဆွဲနိုင်ရေး အတွက် ၂ဝ၁၇ ခုနှစ်တွင် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ရန်ကုန်-မန္တလေးအမြန် ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များအနေဖြင့် ပထမအဆင့်တွင် ရန်ကုန်မှ တောင်ငူမြို့သို့ ကီလိုမီတာ ၁ဝဝ ဖြင့် ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း၊ ယင်းသို့ အဆင့်မြှင့်တင်ခြင်းကို အပိုင်းလိုက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ရန်ကုန်မန္တလေး အမြန်ရထားလမ်း အဆင့်မြှင့်တင်မှု တစ်ခုလုံးအတွက် ၁ဝ နှစ်ခန့် လုပ်ဆောင် ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အမြန်ရထားလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် ဖြစ်နိုင်ခြေ စစ်တမ်း ကောက်ယူခြင်း လုပ်ငန်းများ ပြီးစီးနေပြီဖြစ်သည်။
ထို့ပြင် ဒုတိယအဆင့် အနေဖြင့် တောင်ငူ-ရန်ကုန်- မန္တလေး အမြန်ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင် ပထမအဆင့်အနေဖြင့် ရန်ကုန်မှ တောင်ငူမြို့သို့ ကီလိုမီတာ ၁ဝဝ ဖြင့်ပြေးဆွဲနိုင်ရေး ၂ဝ၁၇ ခုနှစ်တွင် စတင်မည် ရမည်းသင်းအထိ ဆက်လက် အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း၊ တတိယအဆင့် အနေဖြင့် ရမည်းသင်း- မန္တလေးလမ်းပိုင်းကို လုပ်ဆောင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် ကီလိုမီတာ ၁ဝဝ အဆင့်မြှင့်တင် နိုင်ရေးအတွက် လုပ်ဆောင်ချိန်တွင် ရထားပြေးဆွဲမှုများကို ရပ်နားထားမည် မဟုတ်ဘဲ တစ်လမ်းပြင် တစ်လမ်းမောင်းစနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဘူတာရုံများ၌ အလံအစိမ်းပြစနစ်အစား ဘူတာရုံအတွင်းမှ ထိန်းချုပ်ခလုတ် စနစ်များကို သုံးစွဲခွင့် ရနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.