Connect with us

Social, Education & Health

Schwarzman ကောလိပ်ဖွင့်လှစ်ခြင်းကို တရုတ်သမ္မတ ဂုဏ်ပြု

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့ရှိ Tsinghua တက္ကသိုလ်၌ စက်တင်ဘာလ ၁ဝ ရက်ကပြုလုပ်သည့် တရုတ်-အမေရိကန် ဆွာဇမန်ကောလိပ် (Schwarzman) ဖွင့်ပွဲအခမ်းအနားသို့ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အလွန် အရေးကြီးကြောင်း ၊ မျက်မှောက်ခေတ်တွင် နိုင်ငံအသီးသီးမှ လူငယ်လူရွယ်များသည် ကမ္ဘာ့အမြင် ရှိသင့်ကြောင်း နှင့် ပညာရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ပညာပေးလှုံ့ဆော်သင့်ကြောင်း သမ္မတရှီ ၏ သဝဏ်လွှာတွင်ဖော်ပြပါရှိသည်။
တရုတ် နှင့် အမေရိကန် တို့သည် ပညာရေးကဏ္ဍတွင် အပြန်အလှန်ဖလှယ်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု နှင့် နားလည်မှုပိုမိုတိုးတက်ခိုင်မာလာစေမည်ဖြစ်ကြောင်း နှစ်နိုင်ငံဆက်ဆံရေးကိုလည်း တိုးတက်စေနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ပညာရေးနယ်ပယ်တွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းသင့်ကြောင်း တိုက်တွန်းထားသည်။

ဆွာဇမန်ကောလိပ်သည် ကမ္ဘာ့အထင်ကရ အရည်အသွေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ ဖြစ်ထွန်းတိုးတက်ရေးအတွက် နိုင်ငံတကာ လျှောက်လမ်းတစ်ခုအဖြစ် ဖန်တီးပေးနိုင်ကြောင်း ၊ နိုင်ငံအားလုံးရှိ လူငယ်လူရွယ်အားလုံးအတွက် လေ့လာသင်ယူနိုင်သော အခွင့်အရေးကောင်းများကို ဖန်တီးပေးနိုင်မှာဖြစ်သလို ၎င်းတို့အား အပြန်အလှန်နားလည်မှု နှင့် ပူးပေါင်းဖလှယ်မှုများကို ကူညီပေးနိုင်မည်ဖြစ်ကြောင်း ရှီက ဆိုသည်။
အဆိုပါ Schwarzman ကောလိပ်ဖွင့်ပွဲကို အမေရိကန်နိုင်ငံသမ္မတ အိုဘားမားကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ Tsinghua တက္ကသိုလ်၌ ဖွင့်လှစ်ထားသည့် ဆွာဇမန်ကောလိပ်တွင် ဘွဲ့လွန် တစ်နှစ်သင်တန်းကို သင်ကြားပေးမှာဖြစ်ပြီး တက္ကသိုလ် နှင့် Stephen Schwarzman တို့က ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ကောလိပ်၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအား နိုင်ငံတကာအမြင် ရရှိစေရေး ၊ အားလုံး အရည်အသွေးပြည့်ဝစေရေး၊ တရုတ်နိုင်ငံ ဆိုင်ရာ ဗဟုသုတ နှင့် ဦးဆောင်မှုအပိုင်းကို လုပ်ကိုင်ဆောင်ရွက်စေနိုင်စေရေး တို့ဖြစ်ကြောင်း သိရသည်။
အသစ်ဖွင့်လှစ်လိုက်သော ဆွာဇမန်ကောလိပ်၌ နိုင်ငံပေါင်း ၃၁ နိုင်ငံရှိ ကောလိပ်ပေါင်း ၇ဝ မှ ကျောင်းသားကျောင်းသူ ၁၁ဝ ဦးသည် ပထမအသုတ် ပညာတော်သင်များအဖြစ် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.