Connect with us

Economy

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား ဖွင့်လှစ်ပေး

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား ဖွင့်လှစ်ပေးစဉ် (ဓာတ်ပုံ-- Myanmar President Office)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား ဖွင့်လှစ်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။

ဒုတိယသမ္မတသည် နန်နင်းအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနသို့ ရောက်ရှိပြီး (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် မြန်မာ နိုင်ငံ ကိုယ်စားပြု ပြခန်း အား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ကွမ်ရှီးပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှင်ပေဟိုင်တို့နှင့် အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၁ဝရက်နေ့ ညနေပိုင်းတွင် ဒုတိယ သမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် မစ္စတာ ကျန်းကောင်းလိ တို့သည် လိယွမ်အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံကြ သည်။
တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်က နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်နိုင်ခဲ့သည့်အတွက် ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှု များ ပိုမိုရရှိလာခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျှော့ချရေး ကဏ္ဍများ အတွက် အကူအညီများ ဆက်လက် ပေးအပ်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းတို့ အတွက် တရုတ်နိုင်ငံအနေဖြင့် ဝမ်းမြောက်ကြောင်း ပြောကြားရာ ဒုတိယ သမ္မတကလည်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်း အဝေးသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက် အောင်မြင်လာ ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်၍ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြား ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဖော်ဆောင်ရေး ကိစ္စရပ်များကို ဆက်လက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.