Connect with us

Science & Technology

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ များကိုကျော်လွှားရန် မြစ်ကြောင်းသွား သယ်ယူ ပို့ဆောင်ရေး အစီအစဉ်ကို ယခုနှစ်အတွင်း အကောင်အထည်ဖော်ရန်ဆောင်ရွက်

ယာဉ်ကြောပိတ်ဆို့မှုအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ များကိုကျော်လွှားနိုင်မည့် သယ်ယူပို့ဆောင်ရေးအစီအစဉ် တစ်ခုအနေဖြင့် မြစ်ကြောင်းသွား သယ်ယူ ပို့ဆောင်ရေး အစီအစဉ်ကို ယခုနှစ်အတွင်း အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင် ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင် အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲဆောင် ရွက်ရာတွင် မြို့တွင်းဘတ်စ်ကားလိုင်းများ၏ ပြေးဆွဲမှု စနစ်ကို အများပြည်သူဗဟိုပြုသည့်စနစ်သို့ ပြောင်းလဲရန် ဦးစားပေးဆောင်ရွက် လျက်ရှိပြီး ဆက်လက်၍ ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် သွားလာရေး ခက်ခဲကြန့်ကြာနေမှုများအပေါ် တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများ အတွင်း မြစ်ကြောင်းသွားသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အကောင် အထည်ဖော်သွားရန်လည်း စီမံဆောင်ရွက်လျက် ရှိသည်ဟဆိုသည်။
မြစ်ချောင်းများအတွင်း သယ်ယူပို့ဆောင်ရေး Water Bus စနစ် အကောင် အထည်ဖော်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြစ်ချောင်းများ အတွင်း ကွင်းဆင်းလေ့လာဆန်းစစ်မှုများကို ဆောင်ရွက်လျက်ရှိပြီး လျာထားချက် အနေဖြင့် ငမိုးရိပ်ချောင်းတစ်လျှောက် ဘေလီတံတားအနီးမှ ညောင်တန်းအထိ မှတ်တိုင် ငါးမှတ် တိုင် သတ်မှတ်ရပ်နားကာ ပြေးဆွဲပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။ ရေကြောင်းပို့ဆောင်ရေးနှင့် ကားလမ်းကြောင်းများ ချိတ်ဆက်နိုင်ရန် အတွက်လည်း စဉ်းစားသုံးသပ်လျက်ရှိသည်ဟု သိရသည်။
အဆိုပါ မြစ်ကြောင်းသွား သယ်ယူပို့ဆောင်ရေး Water Bus ပြေးဆွဲခြင်းကို ရှပ်ပြေးယာဉ်ကဲ့သို့ ယာဉ် များနှင့် ပြေးဆွဲသွားရန် လျာထားလျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းတင်ဒါကို ယခုလအတွင်း ခေါ်ယူ နိုင်ရန် ရည်မှန်း ထားပြီး ယခုနှစ်အတွင်း အကောင်အထည် ဖော်နိုင်ရန် မျှော်မှန်း ထားကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.