Connect with us

Africa & Middle East

အမေရိကန် နှင့် ရုရှား နှစ်နိုင်ငံက အဆိုပြုသည့် အပစ်အခတ်ရပ်စဲရေးကို ဆီးရီးယားအစိုးရ သဘောတူ

ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာလ ၁ဝရက်က ပြုလုပ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး(အလယ်) ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး (ယာ) နှင့် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Staffan de Mistura (ဝဲ) တို့ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ စက်တင်ဘာလ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန် နှင့် ရုရှား နိုင်ငံတို့က စက်တင်ဘာလ ၁ဝ ရက်တွင် အဆိုပြုခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ဆီးရီးယား နိုင်ငံအစိုးရက သဘောတူလက်ခံလိုက်ကြောင်း ဆီးရီးယားနိုင်ငံပိုင်း SANA သတင်းဌာနက ဖော်ပြလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီ နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ စက်တင်လာလ ၁ဝ ရက်က တွေ့ဆုံပြီး ဆီးရီးယားနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေးပြုလုပ်မည့် အစီအစဉ်တစ်ခုကို ပူးတွဲကြေညာခဲ့သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးကို မွတ်စလင်ဘာသာရေးပွဲတော် ပထမနေ့ဖြစ်သော စက်တင်ဘာလ ၁၂ ရက်ညဦးပိုင်းတွင် စတင်လုပ်ဆောင်ရန် စီစဉ်ထားကြောင်းသိရသည်။
“ ဒီနေ့မှာတော့ ကျွန်တော်တို့လုပ်နိုင်မယ်ထင်တဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်လုပ်ဆောင်ဖို့ ကြေညာလိုက်ပါပြီ။ ဒါပေမယ့် ပြည်သူတွေရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ် ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဂျီနီဗာမြို့တွင်ပြောကြားသည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးက အင်အားကြီး နှစ်နိုင်ငံအကြားပထမဆုံးအကြိမ် သဘောတူညီခဲ့သော လုပ်ငန်းစဉ်မဟုတ်ပေ။ ပြီးခဲ့သော ဖေဖော်ဝါရီလကလည်း အလားတူ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသေးသည်။ နိုင်ငံ၏မြို့တော် ဒမတ်စကပ်စ် အပါအဝင် အချို့မြို့များ၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့သော်လည်း အထူးသဖြင့် နိုင်ငံမြောက်ပိုင်းရှိ အလက်ပိုမြို့နှင့်အခြားဒေသများ၌ အောင်မြင်မှုမရဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.