Connect with us

Politics, Law & Military

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်း ယာဉ်တန်းအား MNDAA အဖွဲ့တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန်ထိတွေ့မှုဖြစ်ပြီး ရဲနှင့်အရပ်သား ၁၂ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရရှိ

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့)

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်းစီးနင်းလာသော ယာဉ်တန်းကို MNDAAအဖွဲ့တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန်ထိတွေ့မှုဖြစ်ပြီး ရဲနှင့်အရပ်သား ၁၂ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်း ဦးခင်မောင်လွင် (ခ) ဦးဘေရင်နယ်သည် လားရှိုးမြို့တွင် ကျန်းမာရေးအရလိုအပ်သော ဆေးဝါးကုသမှုများ ခံယူပြီးနောက် ဖေဖော်ဝါရီလ ၅ရက် နေ့လယ် ၁၂ နာရီတွင် လားရှိုးမှလောက်ကိုင်သို့ နမ့်ဆလပ်မှ စောင့်ကြိုလိုက်ပါလာသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ထွက်ခွာလာစဉ် မွန်းလွဲ ၂ နာရီခွဲခန့်တွင် နားတီးကျေးရွာအနီး MNDAA အဖွဲ့မှ လူ၂၀ ဦးခန့်မှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ နှင့် လည်းကောင်း၊ ၎င်းဝန်းကျင် အနီးတစ်ဝိုက်တွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများက အချိန်မီရောက်ရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် လည်းကောင်း အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းအပြန်အလှန်တိုက်ခိုက်မှုကြောင့် MNDAA အဖွဲ့သည် ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။

ယင်း ပစ်ခတ်မှုဖြစ်ပွားစဉ် ကားလမ်းပေါ်၌ ယာဉ်ငယ်များနှင့်ဆိုင်ကယ်များ သွားလာလျက်ရှိသောကြောင့် အရပ်သားများကိုပါ ထိမှန်ခဲ့ပြီး ကျား ၈ ဦး၊ မ ၁ ဦး စုစု ပေါင်း ၉ ဦး သေဆုံး၊ ကျား ၇ ဦး၊ မ ၁ ဦး စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၊ ၅ ဦး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရလူနာများအား တပ်မတော်စစ်ကြောင်းများက ကွမ်းလုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာ နယ်မြေတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.