အစ္စတန်ဘူလ် ၊ မတ် ၁၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ မတ်လ ၁ဝ ရက်က စီးပွားဖြစ် ဝန်ဆောင်မှုပေးနေသော ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားရာ ရုရှားနိုင်ငံသား ၄ ဦးအပါအဝင် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ၇ ဦးစလုံး သေဆုံးသွားကြောင်း အစ္စတန်ဘူလ်မြို့တော်ဝန်က ဆိုသည်။
ဗလာဒီဘော့စတော့ခ် ၊ရုရှား ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ Yamal ကျွန်းဆွယ်၌ MI-8 ရဟတ်ယာဉ်တစ်စင်းသည် ရာသီဥတုဆိုးဝါးသောကြောင့် မြေပြင်သို့ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၂၁ ဦးသေဆုံးပြီး အခြား ၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
နော်ဝေ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) နော်ဝေနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်း အလွန်တွင် ဧပြီလ ၂၉ ရက်က လူ ၁၃ ဦး လိုက်ပါလာသည့် ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ ပြီးနောက် ရုပ်အလောင်း ၁၁လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများ ကပြောကြားခဲ့သည်။
တိုင်ပေ၊ မတ် ၁၂ ရက် (ဆင်ဟွာ) ထိုင်ဝမ်ဒေသ မြောက်ပိုင်း နယူးတိုင်ပေမြို့အလွန် ပင်လယ်ထဲသို့ မတ်လ ၁၁ ရက် နေ့လည်ခင်းက လူငါးဦး လိုက်ပါ စီးနင်းလာသည့် ကယ်ဆယ်ရေး ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့မှုကြောင့် နှစ်ဦးသေဆုံးပြီး တစ်ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။
ထျန်းကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နှင့် ရုရှားနိုင်ငံတို့ ပူးတွဲ တည်ဆောက် ထားသော စွမ်းဆောင်ရည်မြင့် အကြီးစား ရဟတ်ယာဉ် တစ်စင်းအား တရုတ် နိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ပွဲဦးထွက် ပြသခဲ့ပါသည်။
မော်စကို ၊ သြဂုတ် ၉ရက်(ဆင်ဟွာ) ရုရှား နိုင်ငံ တွင် ပုဂ္ဂလိက ပိုင် ရေပေါ် လေယာဉ် တစ်စင်း နှင့် အသေးစား ရဟတ်ယာဉ် တစ်စင်း တို့သည် သြဂုတ်လ ၈ ရက်နေ့ညပိုင်း တွင် ရေကာတာ တစ်ခု ကောင်းကင် တွင် ထိတိုက်မှု...