Connect with us

North America

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၌ ရဟတ်ယာဉ်ပျက်ကျ ၊ ၂ ဦးသေဆုံး

အမေရိကန်နိုင်ငံ၌ ဗာဂျီးနီးယားပြည်နယ်၌ ရဟတ်ယာဉ်တစ်စင်းပျက်ကျသွားပြီးနောက် မီးလောင်ကျွမ်းနေသည်ကို တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့အနောက်တောင်ဘက် ၁၁ ကီလိုမီတာ( ၇-မိုင်)အကွာ ၌ သြဂုတ်လ ၁၂ ရက် ညနေပိုင်းက ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်း နှင့်ပတ်သက်၍ အမျိုးသားပို့ဆောင်ရေးလုံခြုံမှုဆိုင်ရာဘုတ်အဖွဲ့နှင့် ဗာဂျီးနီးယားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း နှင့် ရဟတ်ယာဉ်သည် သစ်တောထူထပ်သော ဧရိယာအတွင်းသို့ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)