Connect with us

Africa & Middle East

ဆီးရီးယား အစိုးရ ရဟတ်ယာဉ် တစ်စင်း IS အစွန်းရောက် တပ်ဖွဲ့ ၏ ပစ်ချမှု ကို ခံခဲ့ရ

ဆီးရီးယား နိုင်ငံ မှ ရဟတ်ယာဉ် တစ်စင်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ ပိုင် ရုပ်သံလိုင်း က ဆီးရီးယား အစိုးရ တပ်ဖွဲ့ ၏ ရဟတ်ယာဉ် တစ်စင်း သည် ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း Deir ez-Zor မြို့တွင် IS အစွန်းရောက် အဖွဲ့အစည်း ၏ ပစ်ချမှု ကို ခံခဲ့ရ ကြောင်း ဇူလိုင် ၂ ရက်နေ့ က ထုတ်လွှင့်ခဲ့သည်။

သတင်း ထုတ်လွှင့်မှု အရ အခင်းဖြစ်ပွား စဉ် တွင် ယင်း ရဟတ်ယာဉ် သည် IS အစွန်းရောက် အဖွဲ့အစည်း ၏ ပိတ်ဆို့မှု ကို ခံနေရသော Deir ez-Zor မြို့ ပြည်သူများအတွက် စားနပ်ရိက္ခာများ ပို့ဆောင်နေစဉ် ပစ်ချ ခံခဲ့ရခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် သေဆုံး ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရသေးကြောင်း ထုတ်ပြန် ခဲ့သည်။

Deir ez-Zor မြို့ သည် IS အစွန်းရောက် အဖွဲ့အစည်း ၏ ပိတ်ဆို့မှု ကို ကာလရှည်ကြာစွာ ခံခဲ့ရပြီး မြို့တွင်း၌ ဆီးရီးယား အစိုးရ တပ်ဖွဲ့အပါအဝင် ပြည်သူများစွာ ရှိနေကြောင်း ၊ လက်ရှိချိန်တွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့ နှင့် ရုရှား တပ်ဖွဲ့ တို့မှ စားနပ်ရိက္ခာ နှင့် ထောက်ပံ့ရေး ပစ္စည်းများကို လေကြောင်း မှ ပစ်ချသည့် စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။(Xinhua)