ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၇၇၀၀ ကျော်ကို ယနေ့( သြဂုတ် ၁ ရက် ) ဓမ္မစကြာအခါတော်နေ့တွင် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သော အမိန့်အရ သိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ဓမ္မစကြာအခါတော်နေ့တွင် အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊...
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Qamar Javed Bajwa သည် စစ်သွေးကြွ ၁၁ဦးအား နိုင်ငံအတွင်း အကြမ်းဖက်မှုနှင့် ဆက်စပ်နေသော တိုက်ခိုက်မှုများကို ပါဝင် လုပ်ဆောင်ခဲ့မှုဖြင့် သေဒဏ်ချမှတ်ရန် နိုဝင်ဘာ ၂၃ ရက်က အတည်ပြုပေးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်ကပြောကြားခဲ့သည်။
ထရီပိုလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အယူခံတရားရုံး က ခေါင်းဆောင်ဟောင်း ကဒါဖီ အား ထောက်ခံသူများကို ၂၀၁၁ခုနှစ် အုံကြွလှုပ်ရှားမှု ကာလအတွင်း မြို့တော် ထရီပိုလီမြို့တွင် ဆန္ဒပြသူများကို သတ်ဖြတ်မှုဖြင့် သြဂုတ် ၁၅ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း တရားရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကိုင်ရို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ တရားရုံးတစ်ခု က မတရားအသင်းတစ်ခုဖြစ်သည့် မွတ်စလင်ညီနောင်များအဖွဲ့မှ အဖွဲ့ဝင် ၇၅ဦးကို အကြမ်းဖက်မှု နှင့် လူသတ်မှုစွဲချက်များဖြင့် ဇူလိုင် ၂၈ ရက် တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဌာနကဖော်ပြခဲ့သည်။
ကိုင်ရို၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရားမဝင် အဖွဲ့အစည်းတစ်ခုဖြစ်သော မွတ်ဆလင်ညီနောင်များအဖွဲ့မှ အဖွဲ့ဝင် ၁၁ဦးကို ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်မှုဖြင့် အီဂျစ်နိုင်ငံ တရားရုံးတစ်ခုက ဇူလိုင် ၁၂ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင် Ahram သတင်းစာက ဖော်ပြခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovind သည် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအား သေဒဏ်ပေးရန် တရားရုံးများအား ခွင့်ပြုသည့် အရေးပေါ်အမိန့်ကို ဧပြီ ၂၂ရက်က လက်မှတ်ရေးထိုးပေးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ကိုင်ရို၊ မတ် ၇ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံတွင် ဖောက်ခွဲရေးပစ္စည်းများအား လက်ဝယ်ကိုင်ဆောင်ထားပြီး ၎င်းတို့ကို အကြမ်းဖက်တိုက်ခိုက်မှုများတွင် အသုံးပြုပါက သေဒဏ်အထိ ချမှတ်နိုင်ရန် ဥပဒေကြမ်းကို အီဂျစ်နိုင်ငံ ပါလီမန်က မတ် ၆ရက်တွင် အတည်ပြုပေးခဲ့ကြောင်း ပါလီမန်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဟနွိုင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် သေဒဏ်ချမှတ်ခံထားရသော အကျဉ်းသားနှစ်ဦးသည် အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်သွားပြီး ခြောက်ရက်အကြာတွင် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးခဲ့ကြောင်း နိုင်ငံတော် ရဲချုပ်ဋ္ဌာန က စက်တင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။
ကိုင်ရို၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ၂၀၀၅ခုနှစ်တွင် ထိပ်တန်း အစိုးရရှေ့နေဟောင်း တစ်ဦးအား သတ်ဖြတ်မှုဖြင့် တရားခံ ၂၈ဦးကို အီဂျစ်တရားရုံးက ဇူလိုင် ၂၂ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။