Connect with us

Africa & Middle East

အီဂျစ်နိုင်ငံတွင် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ကိုင်ဆောင်ထားပါက သေဒဏ်အထိချမှတ်တော့မည်

အီဂျစ်နိုင်ငံ ပါလီမန်၌ အစည်းအဝေးပွဲပြုလုပ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုင်ရို၊ မတ် ၇ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံတွင် ဖောက်ခွဲရေးပစ္စည်းများအား လက်ဝယ်ကိုင်ဆောင်ထားပြီး ၎င်းတို့ကို အကြမ်းဖက်တိုက်ခိုက်မှုများတွင် အသုံးပြုပါက သေဒဏ်အထိ ချမှတ်နိုင်ရန် ဥပဒေကြမ်းကို အီဂျစ်နိုင်ငံ ပါလီမန်က မတ် ၆ရက်တွင် အတည်ပြုပေးခဲ့ကြောင်း ပါလီမန်၏ ထုတ်ပြန်ချက်အရ သိရသည်။

လုပ်ပိုင်ခွင့်လိုင်စင်မရသေးခင် ဖောက်ခွဲရေးပစ္စည်းများကို ပိုင်ဆိုင်ခြင်း၊ ရယူခြင်း၊ ပြုလုပ်ခြင်း (သို့) တင်သွင်းခြင်း တို့ကို ပြုလုပ်ပါက မည်သူမဆို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရမည်ဖြစ်ပြီး ယင်းဖောက်ခွဲရေးပစ္စည်းများအား အကြမ်းဖက်ရန်ရည်ရွယ်ချက်ဖြင့် ရာဇဝတ်မှုများ ကျူးလွန်ပါက အမြင့်ဆုံးအပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ချမှတ်သွားမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံ ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း ပုဒ်မ ၁၀၂ (က) ပြန်လည်ပြင်ဆင်မှုအား အတည်ပြုချက်အရ သိရသည်။

ဥပဒေကြမ်းအရ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရန် ကုန်ကြမ်းပစ္စည်းများ လက်ဝယ်ကိုင်ဆောင်ထားသူများ နှင့် အထက်ဖော်ပြပါ ပြစ်မှုများကို သိရှိသော်လည်း ဖုံးကွယ်ပေးထားသူများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်သွားမည်ဖြစ်ပြီး အီဂျစ်နိုင်ငံ ဥပဒေအရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း သည် ထောင်ဒဏ် ၂၅နှစ် နှင့် တူညီကြောင်း သိရသည်။

အဆိုပါဥပဒေကြမ်း အရ ယင်းအကြမ်းဖက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော အဆောက်အအုံများ နှင့် ပိုင်ဆိုင်မှုများသည် တရားခံက ပိုင်ဆိုင်ခြင်းဖြစ်ပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ပါလီမန်ကပြောကြားခဲ့သည်။အီဂျစ်နိုင်ငံတွင် “ဆိုင်းနိုင်း ၂၀၁၈” အမည်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခုဆောင်ရွက်နေစဉ် ယင်းဥပဒေကြမ်းအား အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်က စတင်ခဲ့သော ယင်းလှုပ်ရှားမှုတွင် အနည်းဆုံး စစ်သွေးကြွ ၁၀၅ဦးကို သုတ်သင်နိုင်ခဲ့ကာ ဖောက်ခွဲရေးပစ္စည်း ၅၀၀ခန့် နှင့် စစ်သွေးကြွတို့၏ စခန်း ၁,၄၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117