Connect with us

Africa & Middle East

အီဂျစ်တွင် မွတ်ဆလင်ညီနောင်များ အဖွဲ့ဝင် ၁၁ဦးကို ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်မှုဖြင့် သေဒဏ်ပေး

ကိုင်ရို၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရားမဝင် အဖွဲ့အစည်းတစ်ခုဖြစ်သော မွတ်ဆလင်ညီနောင်များအဖွဲ့မှ အဖွဲ့ဝင် ၁၁ဦးကို ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်မှုဖြင့် အီဂျစ်နိုင်ငံ တရားရုံးတစ်ခုက ဇူလိုင် ၁၂ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင် Ahram သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါပြစ်မှုသည် ၂၀၁၅ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီး တရားခံ ၁၁ဦးသည် ရဲတပ်ဖွဲ့ဝင် ၃ဦးအား သတ်ဖြတ်ခဲ့ကာ ၎င်းတို့၏ မော်တော်ယာဉ်များကို မီးရှို့ခဲ့ကြောင်း သိရသည်။တရားရုံးက ပြစ်ဒဏ်ချမှတ်မှုအား ကနဦးသေဒဏ်ချမှတ်မှုအားလုံး၏ ဘာသာရေးဆိုင်ရာ အဆုံးအဖြတ်ပေးသော နိုင်ငံ၏ အမြင့်ဆုံး အစ္စလာမ်မစ်တာဝန်ရှိသူဖြစ်သည့် Grand Mufti ထံသို့ တင်ပြထားကြောင်း သိရသည်။

Mufti ၏ သဘောထားအမြင်သည် တရားဥပဒေအရ မဟုတ်ပဲ ထုံးလမ်းစဉ်လာအတိုင်း စဉ်းစားဆုံးဖြတ်ခြင်းဖြစ်ပြီး ၎င်း၏ နောက်ဆုံး ဆုံးဖြတ်ချက်သည် ပြစ်ဒဏ်အား လျှော့ပေါ့ပေးနိုင်ကြောင်း သိရသည်။အီဂျစ်နိုင်ငံတွင် အစ္စလာမ်မစ် သမ္မတ မိုဟာမက်မော်ဆီ အား စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည့် ၂၁၀၁၃ခုနှစ် နှင့် ၎င်း၏ မွတ်ဆလင်ညီနောင်များအုပ်စု အား ပိတ်ပင်တားမြစ်ခဲ့သည့် ၂၀၁၄ခုနှစ် မှစ၍ လုံခြုံရေးဆိုင်ရာ တိုက်ခိုက်မှုများ ကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117