Connect with us

Asia

ထောင်ဖောက်ပြေးသွားသည့် သေဒဏ်ကျ ဗီယက်နမ်အကျဉ်းသား နှစ်ဦးကို ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီး

ထောင်ဖောက်ပြေးသွားသည့် သေဒဏ်ကျ ဗီယက်နမ်အကျဉ်းသား နှစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် သေဒဏ်ချမှတ်ခံထားရသော အကျဉ်းသားနှစ်ဦးသည် အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်သွားပြီး ခြောက်ရက်အကြာတွင် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးခဲ့ကြောင်း နိုင်ငံတော် ရဲချုပ်ဋ္ဌာန က စက်တင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။

မူးယစ်ဆေးဝါးမှုဖြင့် ဧပြီလတွင်သေဒဏ်ချမှတ်ခံထားရသော ဟနွိုင်းမြို့မှ Nguyen Van Tinh (၂၈နှစ်) အား နိုင်ငံမြောက်ပိုင်း Hoa Binh ပြည်နယ်ရှိ တောအုပ်တစ်ခုတွင် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ထို့ပြင် မူးယစ်ဆေးဝါးမှု၊ လူသတ်မှု နှင့် လိမ်လည်မှုတို့ဖြင့် မေလတွင် သေဒဏ်ချမှတ်ခံရသည့် နိုင်ငံမြောက်ပိုင်း Hai Duong ပြည်နယ်မှ Le Van Tho (၃၇နှစ်) ကိုလည်း Hai Duong ပြည်နယ်ရှိ အငှားယာဉ်တစ်စီးပေါ်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Tho နှင့် Tinh တို့ နှစ်ဦးသည် မိုးရွာသွန်းနေသော စက်တင်ဘာ ၁၁ရက် နံနက်ပိုင်းတွင် ၎င်းတို့၏ခြေချင်းကြိုးများကို ဖြတ်တောက်ပြီး အကျဉ်းခန်းကို အပေါက်ဖောက်၍ စောင့်ကြည့်စင် ကို ကျော်တက်ကာ ကြိုးတစ်ချောင်းဖြင့် ၃မီတာမြင့်သည့် ခြံစည်းရိုးကို ဖြတ်ကျော်ပြီး Thanh Oai ခရိုင်ရှိ T16 ထိန်းသိမ်းရေးစင်တာမှ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ထိန်းသမ်းရေးစင်တာမှ ဝန်ထမ်းတစ်ချို့ကိုလည်း ပေါ့လျော့မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117