စခရာမန်တို၊ ဧပြီ ၁၁ ရက် မတ်လအစောပိုင်းက အမျိုးသားတစ်ဦး ၎င်း၏နေအိမ်၌ သေဆုံးနေသည်ကို တွေ့ရသည်။ အမျိုးသမီးတစ်ဦးသည်လည်း ဖေဖော်ဝါရီလလယ်ပိုင်းက ဖျားနာခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ Orinda မြို့ရှိ အိမ်တစ်အိမ်တွင်ပြုလုပ်သည့် တစ္ဆေကြီးည ပါတီပွဲတွင် အောက်တိုဘာလ ၃၁ ရက် ညတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ လူလေးဦးသေဆုံးခဲ့ပြီး လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KTVU ဒေသခံတီဗွီသတင်းတွင် နိုဝင်ဘာလ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
လော့စ်အိန်းဂျလိစ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ဆန်တာခရုကျွန်း(Santa Cruz) ကျွန်း၌ ရေငုပ်သမားများအသုံးပြုသည့် မော်တော်ဘုတ်လှေတစ်စီး မီးလောင်မှုဖြစ်ပွားရာ လူ ၈ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ရုပ်အလောင်း ၄ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်မှ ၆၀ ကီလိုမီတာအကွာ ဂါးဒင်းဂရို့ဗ်မြို့တွင် သြဂုတ်လ ၇ ရက်က ဓားထိုးခံရမှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးကာ အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် လုယက်သူဟု သံသယဖြစ်ဖွယ်ရှိသူတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌ ပမာဏ ၇.၁ ရှိသော အင်အားပြင်းငလျင်တစ်ခု ဇူလိုင်လ ၅ ရက် ဒေသစံတော်ချိန် ည ၈း၁၉ နာရီတွင် လှုပ်ရှားသွားကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Central Valley ဒေသမှ အမျိုးသမီးတစ်ဦးအား မိုတယ်တစ်ခုတွင် ၎င်း၏ အမွှာကလေးငယ်နှစ်ဦး ရေနစ်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီးနောက် လူသတ်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နိုဝင်ဘာ ၁၇ ရက်က တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည့် အမေရိကန်နိုင်ငံမြောက်ကယ်လီဖိုးနီးယားပြည်နယ်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ၊ ၎င်းတောမီးကြောင့် သေဆုံးသူ ၇၆ ဦးထိ မြင့်တက်လာကာ အခြားလူပေါင်း ၁၂ဝဝ ကျော်၏ အခြေအနေကိုလည်း မသိရှိရသေးကြောင်း တာဝန်ရှိသူများက ဆိုသည်။
လော့စ်အိန်ဂျယ်လိစ် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း Camp တောမီးလောင်ကျွမ်းရာနေရာတွင် ကယ်ဆယ်ရေးသမားများသည် သေဆုံးသူအလောင်း ၈ ခုကို နိုဝင်ဘာ ၁၆ ရက်တွင် ထပ်မံတွေ့ရှိရ ကြောင်း ၊ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ဦးရေ ၇၁ ဦး အထိ...
လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း၌ လောင်ကျွမ်းနေသော တောမီးမှာ ပိုမိုဆိုးရွားလာသဖြင့် ဆန်တီယေဂိုမြို့တွင် ဇူလိုင် ၆ ရက်က အရေးပေါ်အခြေအနေကြေညာကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်း(Jerry Brown) က ထုတ်ပြန်လိုက်သည်။(Xinhua)
ဆန်ဖရန်စစ္စကို၊ ဇွန် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်း Yosemite အမျိုးသားဥယျာဉ်ရှိ တောင်ပေါ်သို့ တက်သည့် တောက်တက်သမား ၂ ဦးမှာ ဇွန်လ ၂ ရက်က သေဆုံးသွားကြောင်း ပန်းခြံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။