ဆန်တီရာဂို ၊ မတ် ၇ ရက်(ဆင်ဟွာ) ချီလီနိုင်ငံ၌ ပြည်သူ လေးသန်းကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံထားပေးပြီး ဖြစ်ကာ လူဦးရေ သန်းတစ်ဝက်ကျော်မှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ မတ် ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်လာသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများလုပ်ဆောလျက်ရှိရာ COVID-19 ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်များ (vaccine passports) နှင့် ကွာရန်တင်း ကင်းလွတ်ခွင့်များကို စဉ်းစားလျက်ရှိကြောင်း သိရသည်။
မက္ကစီကိုစီးတီး၊ မတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများအား ဒိုမီနီကာနိုင်ငံမှလွှဲပြောင်းရယူခြင်း အခမ်းအနားကို ဒိုမီနီကာနိုင်ငံ၏ မြို့တော် Roseau ၌ မတ်လ ၄ ရက်တွင် ကျင်းပခဲ့ကြောင်း၊ ကာကွယ်ဆေးများသည် မတ်လ ၃ ရက်နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရသိရသည်။
ဂျနီဗာ၊ မတ် ၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မိတ်ဖက်အဖွဲ့များမှ ပူးတွဲအကောင်အထည်ဖော်ထားသော နိုင်ငံတကာ ကာကွယ်ဆေးကမ်ပိန်း COVAX က နိုင်ငံပေါင်း ၂၀ ထံ COVID-19 ကာကွယ်ဆေး သန်း ၂၀ ကျော် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း WHO အကြီးအကဲက မတ်...
ကာနေလ်ခရီလ်၊ မတ် ၆ ရက် (ဆင်ဟွာ) ဂီနီနိုင်ငံ မြို့တော် ကာနေလ်ခရီလ်တွင် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများဖြင့် တရားဝင် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို မတ် ၅ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊ မတ် ၅ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး နှင့် အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးရုံး တို့က မတ်လ ၄ ရက်၌ တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသည့် COVID-19 ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ၊ အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံအချို့က ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီး တစ်ချိန်တည်းတွင် COVID-19...
ကိုင်ရို၊ မတ် ၅ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံတွင် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါခံစားနေရသောလူနာများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၄ ရက်၌ စတင်ခဲ့ကြောင်း အီဂျစ် အစိုးရအဖွဲ့က ကြေညာချက်တွင် ပြောကြားခဲ့သည်။
ဒါအိစ်ဆာလာမ် ၊ မတ် ၄ ရက် (ဆင်ဟွာ) အာဖရိကတိုက် ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ မတ်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော စာရင်းပြုစုချက်အရ အာဖရိကတိုက်၌ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၉၁၅,၃၀၄ ဦးရှိလာခဲ့ပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁၀၄,၃၉၈ ဦးရှိကြောင်း ၊ ရောဂါမှပြန်လည်သက်သာလာသူ...
ဖနွမ်းပင်၊ မတ် ၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen နှင့် ဇနီး Bun Rany သည် မတ် ၄ ရက်၌ Calmette ဆေးရုံတွင် AstraZeneca COVID-19 ကာကွယ်ဆေး ပထမဆုံးအကြိမ်ထိုးနှံမှု ခံယူခဲ့ကြောင်း...
တက်ရှ်ခန့်၊ မတ် ၄ ရက် (ဆင်ဟွာ) ဥဇဘက်ကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးတစ်မျိုးအတွက် ထောက်ခံချက်ရရှိထားကြောင်း တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာက ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။