လားဆ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ဧပြီလကုန်တွင် လားဆ-လျင်ကျီး ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြင့်တင် ဆောင်ရွက်လျက် ရှိသည်။ တရုတ်နိုင်ငံ စီချွမ်း-တိဗက် ရထားလမ်း၏အစိတ်အပိုင်းဖြစ်သည့် ယင်းရထားလမ်းကို ယခုလတွင် လက်ခံစိစစ်သွားမည်ဖြစ်ပြီ ယခုနှစ် ဇူလိုင် ၁ ရက်မတိုင်မီ ဖွင့်လှစ်မည်ဖြစ်ရာ လားဆနှင့် လျင်ကျီးမြို့နှစ်ခုအကြား အသွားအပြန်ခရီးလမ်းသည် (၅) နာရီ...
ပေကျင်း၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံအ နေဖြင့် အိန္ဒိယနိုင်ငံ၏ COVID-19 ရောဂါ လှိုင်းအသစ်တိုက်ဖျက်ရေးတွင် ဖြစ်နိုင်သမျှ အစောဆုံးအချိန်ကတည်းက ကူညီရန် အသင့်ရှိကြောင်းကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြောင်း နှင့် နှစ်ဖက်စလုံးအနေဖြင့် ယင်းကိစ္စရပ်အပေါ် ချိတ်ဆက်မှုကို ထိန်းသိမ်းထားခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
နန်ကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသနေ့ဖြစ်သော ဧပြီ ၂၄ ရက်တွင် ၎င်း၏ပထမဆုံးအင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား Zhurong ဟု အမည်ပေးလိုက်ကြောင်း တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှုရေးဦးစီးဌာန (CNSA) က ကြေညာလိုက်ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံရှိ ပြည်နယ်အချို့တွင် သီတင်းပတ်နှစ်ပတ်အတွင်း လူကိုယ်တိုင်တက်ရောက်ရမည့် အတန်းများ ပြန်လည်ဖွင့်လှစ်ရန် ကြေညာခဲ့ပြီးနောက် ပြည်နယ် ငါးခုတွင် ဆရာ၊ ဆရာမများနှင့် အခြားသော ပညာရေးဝန်ထမ်းများအား တရုတ်နိုင်ငံ CanSino ဆေးဝါးကုမ္ပဏီမှ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟူပေ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) စီဝူ အမြန်အဝေးပြေးလမ်းမကြီး၏ ဟူပေပြည်နယ် ကျူဆန်းခရိုင် ရိရွှေမြို့နယ်ရှိ ပင်မတည်ဆောက်မှုအပိုင်းသည် ယခုရက်ပိုင်းတွင် အလုံးစုံပြီးစီးခဲ့ပြီဖြစ်ရာ တွဲဖက်ဆောက်လုပ်ရေးလုပ်ငန်းများကို ပြောင်းလဲ၍ ဘက်စုံဆောင်ရွက်လျက်ရှိ သည်။
နယူးယောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဇူလိုင်လမတိုင်မီ ပထမဆုံး ပြည်ပ COVID-19 ကာကွယ်ဆေးကို ခွင့်ပြုရန် စီစဉ်ထားကြောင်း အမေရိကန် မီဒီယာက သတင်းဖော်ပြထားသည်။
ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်လျက်ရှိသည့် ကတိကဝတ်အပေါ် ဂုဏ်ယူကြောင်း ဧပြီ ၂၀ ရက်၌ ပြောကြားခဲ့သည်။
ဟန်ကျိုး၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ လျင်းအန်းဒေသရှိ ဟဲချောင်ရှေးဟောင်းမြို့လေးကို သာယာလှပသည့် မြို့နယ်လေးဖြစ်အောင် စနစ်တကျ တွန်းအားပေး တည်ဆောက်လျက်ရှိရာ အစိမ်းရောင်ဖန်တီးမှု၊ မီးအလင်းရောင်အလှဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ အီရတ်နိုင်ငံသို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်သည် ဧပြီ ၁၁ ရက်က အီရတ်မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (DRAP) က တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုလိုက်ကြောင်း အစ္စလာမ်မာဘတ်ရှိ အမျိုးသား ကျန်းမာရေးအင်စတီကျုက ဧပြီ ၉ ရက်၌ ပြောကြားခဲ့သည်။