မက္ကဆီကိုစီးတီး၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်းကုမ္ပဏီ CanSino Biologics မှ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် လိုအပ်သောပစ္စည်း ဒုတိယအကြိမ်တင်ပို့မှုကို မက္ကဆီကိုနိုင်ငံက မတ် ၁၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က ပြောခဲ့သည်။
ဝန်ချန်း၊ ဟိုင်နန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းရှိ ဝန်ချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-7A Y2 သယ်ဆောင်ရေးဒုံးပျံကို မတ် ၁၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
စိန်ရန်၊ မတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်သည် ပြည်ပတံခါးဖွင့်အဓိကပလက်ဖောင်းတစ်ခုဖြစ်ရာ လက်ရှိ လျောင်နင်ပြည်နယ်မှ ထွက်ခွာသည့် တရုတ်-ဥရောပရထားများသည် ဥရောပတိုက် နိုင်ငံပေါင်း (၂၀)ကျော်နှင့် မြို့ပေါင်း(၄၀)ကျော်ကို ရောက်ရှိနိုင်ကြောင်း သိရသည်။ ကုန်းလမ်းရထားချိတ်ဆက်သယ်ယူပို့ဆောင်မှုသည် ဥရောပတိုက်တစ်ခုလုံးကို လွှမ်းခြုံသွားလာနိုင်ပြီဖြစ်သည်။
ဟာရာရီ ၊ မတ် ၁၁ ရက်(ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက် တရုတ်နိုင်ငံထုတ် Sinovac နှင့် ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးများကို အရေးပေါ်သုံးစွဲရန် ဇင်ဘာဘွေဆေးဝါးထိန်းချုပ်မှုအာဏာပိုင်အဖွဲ့က ခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု (RCEP) သဘောတူညီချက်ကို တရားဝင် အတည်ပြုလက်မှတ်ရေးထိုးလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao က မတ် ၈ ရက်၌ ပြောကြားခဲ့သည်။
ဆန်တီယေဂို၊မတ် ၉ ရက်(ဆင်ဟွာ) ချီလီနိုင်ငံအစိုးရသည် တရုတ်နိုင်ငံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac မှ တီထွင် ထုတ်လုပ်သည့် CoronaVac ကာကွယ်ဆေး ပဉ္စမအသုတ်ကို မတ် ၈ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊မတ် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြန်မာနိုင်ငံတွင် တင်းမာမှုများ လျော့ကျစေရေး ရှေ့ဆက်မည့် အဆိုပြုချက် သုံးခု ကို မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊မတ် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ချက်ချင်းလိုအပ်မှုရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၆၉ နိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သလို ဆက်လက်၍လည်း ထောက်ပံ့ပေးအပ်နေကြောင်း နှင့် နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ ကာကွယ်ဆေးများ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ မတ်...
ပေကျင်း၊မတ် ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအတွက် ချက်ချင်း ဦးစားပေးလုပ်ဆောင်ရန်မှာ နောက်ထပ် ပဋိပက္ခ နှင့် သွေးထွက် သံယိုမှု မဖြစ်ပွားအောင် ကာကွယ်ရန် နှင့် အခြေအနေကို တက်နိုင်သမျှ အမြန်ဆုံး အေးငြိမ်းသက်သာအောင် လုပ်ဆောင်ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယနေ့ မတ်...
ဘဲလ်ဂရိတ် ၊မတ် ၇ ရက်(ဆင်ဟွာ) ဆားဗီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ ပေးပို့သော COVID-19 ကာကွယ်ဆေး တတိယသုတ်ကို မတ် ၅ ရက်က လက်ခံရရှိကြောင်း ဆားဗီးယားသမ္မတ Aleksandar Vucic ကပြောကြားခဲ့သည်။