Connect with us

Asia

ထိုင်းနိုင်ငံတွင် အာဆီယံ ပထမဆုံး 5G smart ဆေးရုံ တည်ဆောက်မှုအား တရုတ်ကုမ္ပဏီလုပ်ငန်းက ကူညီပေး

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကျင်းပသည့် China 5G+ Industrial Internet Conference အား နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

Huawei Technologies (Thailand) ကုမ္ပဏီလီမိတက်သည် ဒီဇင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ Mahidol တက္ကသိုလ် Siriraj ဆေးရုံ၊ ထိုင်းနိုင်ငံ အမျိုးသားအသံလွှင့်ဌာနနှင့်ဆက်သွယ်ရေးကော်မရှင်တို့ (NBTC) နှင့်အတူ Siriraj ဆေးရုံတွင် 5G smart ဆေးရုံ စီမံကိန်းအား ဖွင့်လှစ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူမှုရေးဝန်ကြီး Chai Wu ၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟန်ကျစ်ချန်နှင့် ကုမ္ပဏီလုပ်ငန်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အခမ်းအနား အမှာစကားပြောကြားရာတွင် ဤစီမံကိန်းသည် 5G ဒစ်ဂျစ်တယ်နည်းပညာကို ထိုင်းနိုင်ငံ ကျန်းမာရေးကဏ္ဍ၌ အသုံးပြုရန် တွန်းအားပေးသည့် ပထမခြေလှမ်းဖြစ်ကြောင်း၊ လူနာများအတွက် ပို၍ အဆင်ပြေလွယ်ကူမြန်ဆန်သည့် ကျန်းမာရေးဝန်ဆောင်မှုပေးလာနိုင်မည်ဖြစ်ပြီး ဆေးဝန်ထမ်းများအတွက် အလုပ်တာဝန် သိသိသာသာလျော့နည်းလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Siriraj ဆေးရုံကို ရှေ့ပြေးစီမံကိန်းအဖြစ် ထိုင်းတွင် စတင်ဆောင်ရွက်ပြီး အနာဂတ် Smart ဆေးရုံတည်ဆောက်မှု အစီအစဉ်ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း ဆိုသည်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြိး ဟန်ကျစ်ချန်က တရုတ်-ထိုင်း 5G ပူးပေါင်းဆောင်ရွက်မှုသည် ဒေသ၏နမူနာပုံစံဖြစ်ပြီး ထိုင်းနိုင်ငံအား အရှေ့တောင်အာရှတွင် ပထမဆုံး 5G နည်းပညာ စီးပွားဖြစ်အသုံးပြုသည့် နိုင်ငံအဖြစ်သို့ ကူညီအားဖြည့်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ ထိုင်းနိုင်ငံသည် ဒစ်ဂျစ်တယ်ကျန်းမာရေးကဏ္ဍလုပ်ငန်းများကို ပြည်သူ့လူမှုဘဝဝန်ဆောင်မှုအဖြစ် ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တိုးပွားမှုစတင်အမှတ်အဖြစ် မြှင့်တင်သွားမည်ဖြစ်ရာ အနာဂတ် နှစ်နိုင်ငံအတွက် Smart ဆေးကုသမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အလားအလာများစွာ ကျယ်ပြန့်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းတွင် ဟွာဝေး၏ 5G ၊ Cloud နှင့်ဉာဏ်ရည်တုစသည့် နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ပြီး 5G အရေးပေါ်ကယ်ဆယ်ရေးကား ဆေးရုံသို့ရောက်ရှိလာခြင်း၊ ဉာဏ်ရည်တုနည်းပညာဖြင့် ကူညီကုသခြင်းမှစ၍ ဆေးရုံဆင်းသည့်အခါ အဝေးမှကျန်းမာရေးစောင့်ရှောက်မှုပေးသည်အထိ Siriraj ဆေးရုံ ဝန်ဆောင်မှုတစ်ခုလုံးတွင် ဘက်စုံ Smart အသွင်ပြောင်းပေးနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းသည် ဟွာဝေး၏ အာဆီယံဒေသ၌ ပထမဆုံး တရားဝင်စတင်လိုက်သည့် 5G Smart ဆေးရုံ စီမံကိန်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Siriraj ဆေးရုံသည် ဟွာဝေးနှင့်ပူးပေါင်းဆောင်ရွက်၍ 5G နည်းပညာကိုအခြေခံသည် ခရီးဆောင်ဆေးသေတ္တာ၊ ရွှေ့လျားဆေးကုသရေးယာဉ်၊ တွန်းလှည်းနှင့် Smart ဆေးရုံကုတင်များကို စတင် ဆောင်ရွက်နေပြီဖြစ်ရာ လာမည့်နှစ်တွင် ဆေးဘက်ဆိုင်ရာ အသုံးချပရိုဂရမ် ၃၀ ခန့် အတူ ပျိုးထောင်ပြီး တစ်နိုင်ငံလုံး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်သွားရန် ခန့်မှန်းထားကြောင်း သိရသည်။

ကျန်းမာရေးကဏ္ဍလုပ်ငန်းများ ဒီဂျစ်တယ်အသွင်ကူးပြောင်းရန်မှာ “Thailand 4.0 Strategy” ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။ ယခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ဟွာဝေးကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ရာ 5G နည်းပညာကို အသုံးပြု၍ ထိုင်းကျန်းမာရေးဝန်ဆောင်မှုအဆင့်ကို မြှင့်တင်ရန်၊ မြို့ပြကျေးရွာ ဆေးကုသမှုအရင်းအမြစ် မျှတစွာ ဖွံ့ဖြိုးတိုးတက်စေမှုအား တိုးမြှင့်ရန်နှင့် ထိုင်း ကျန်းမာရေးကဏ္ဍလုပ်ငန်းများ အသွင်ကူးပြောင်းရေးအား အရှိန်မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………
(Chinese Version)
(科技)中国企业助力泰国打造东盟首家5G智慧医院
2021-12-16 23:48:32
新华社曼谷12月16日电(记者宋宇)华为泰国公司16日与泰国玛希隆大学附属诗里拉吉医院、泰国国家广播和通信委员会在位于曼谷的诗里拉吉医院启动5G(第五代移动通信技术)智慧医院项目。
泰国总理巴育、泰国数字经济和社会部长猜武、中国驻泰国大使韩志强以及企业代表等出席了启动活动。
巴育在启动活动上说,该项目是推动5G等数字技术在泰国医疗领域应用的第一步,将为患者提供方便快捷的医疗服务,并显著减少医务人员的工作负担。泰国将以诗里拉吉医院作为试点项目来规划未来智能医院蓝图。
韩志强表示,中泰5G合作已成为地区样板,助力泰国成为东南亚最早实现5G商用的国家。泰国将数字医疗产业等作为服务民生、促进经济发展的新增长点,相信未来两国在智慧医疗领域的合作潜力十分广阔。
据介绍,该项目将引入华为的5G、云和人工智能等技术,从5G救护车入院、人工智能辅助诊断,到出院后的远程医疗,帮助诗里拉吉医院服务流程实现全面智能化转型。该项目是华为在东盟地区首个正式启动的5G智慧医院项目。
目前,诗里拉吉医院已与华为合作启动5G便携医疗箱、5G移动诊疗车、5G医疗推车和5G智慧病床的试点,预计明年将共同孵化30项5G医疗应用,并推广至全泰医疗行业。
医疗行业数字化转型是“泰国4.0战略”的重要组成部分之一。今年9月,泰国公共卫生部与华为公司签署谅解备忘录,旨在利用5G技术提升泰国医疗服务水平,促进城乡医疗资源均衡发展,加速泰国医疗产业转型。(完)

Photo taken on Nov. 20, 2021 shows the venue of China 5G+ Industrial Internet Conference in Wuhan, central China’s Hubei Province.