ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖဲလစ် ရှီဆတ်ခဲဒီ (Felix Tshisekedi) အား ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီး ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) သမ္မတသစ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့်အတွက် ဇန်နဝါရီလ ၂၄ ရက်က တယ်လီဖုန်းမှတစ်ဆင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေး ဟမ်ဒူလာ မိုဟစ် (Hamdullah Mohib) နှင့် ဇန်နဝါရီလ ၁၀ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံခဲ့သည်။
ကွမ်ကျုံး ၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ) ဉာဏ်ရည်တု(AI)နည်းပညာဖြင့် စကားအပြန်အလှန်ပြောနိုင်သည့်စနစ်တစ်ခုကို တရုတ်နိုင်ငံ၏ အကျော်ကြားဆုံးလူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သော WeChat အဖွဲ့သားများက တီထွင်ဖန်တီးခဲ့ပြီး ၊ ယင်းစနစ်ကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျုံးမြို့၌ ဇန်နဝါရီ ၉ ရက်တွင် စတင်မိတ်ဆက်အသုံးပြုခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon Jae-in) က တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး နှင့် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေရေး ဆောင်ရွက်ချက်များတွင် အပြုသဘောဆောင်သည့် ကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း ၎င်း၏ နှစ်သစ်ကူး သတင်းစာရှင်းလင်းပွဲတစ်ခု...
ပေကျင်း၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့သို့အလည်အပတ်ရောက်ရှိနေသော မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ(WPK) ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံတော်ရေးရာကော်မရှင်ဥက္ကဋ္ဌ ကင်ဂျုံအမ် အား ဇန်နဝါရီ ၈ ရက်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒါကာ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဆီနီဂေါနိုင်ငံအကြား တက်ကြွပြီး လက်တွေ့ရှိသော ဆက်ဆံရေးများက အခြားနိုင်ငံများအတွက် ဥပမာကောင်းတစ်ခုဖြစ်ကြောင်း၊ ဆီနီဂေါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်စုံ၌ ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဆီနီဂေါ သမ္မတ မက်ကီဆောလ် (Macky Sall) က ဇန်နဝါရီလ ၆ ရက်တွင်...
ပေကျင်း ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအမ်သည် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်လျက်ရှိကြောင်း တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယနေ့ဇန်နဝါရီ ၈ ရက်တွင် ပြောကြားလိုက်သည်။
မင့်စ်ခ် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏“ဘီလာရုဇ်နိုင်ငံ ခရီးသွားနှစ်” ပိတ်ပွဲအခမ်းအနားကို ဘီလာရုဇ်နိုင်ငံ မြို့တော်မင့်စ်ခ် တွင် ဒီဇင်ဘာ ၂၂ ရက်က အောင်မြင်စွာ ကျင်းပခဲ့ရာ ဘီလာရုဇ်နိုင်ငံက တရုတ်နိုင်ငံနှင့် ခရီးသွား ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့လုပ်ဆောင်သွား လိုကြောင်း ပြောကြားခဲ့သည်။
ကဘူးလ် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ် ၊ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံတို့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံရန် ၊ အပြန်အလှန်ချိတ်ဆက်ရေး နှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး တို့ကို အားပေးထောက်ခံသွားရန် ဒီဇင်ဘာ ၁၅ ရက်က သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးသဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၄ ရက်အတွင်း အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက ဒီဇင်ဘာလ ၁၄ ရက်တွင် ပြောကြားလိုက်သည်။