Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အရေးပေါ် စီမံခန့်ခွဲရေး ဌာန က အန်းဟွေး ရေဘေးကယ်ဆယ်ရေး လုပ်ငန်း အတွက် ယွမ်ငွေ သန်း ၃၀၀ ထောက်ပံ့ပေးမည်

တရုတ် နိုင်ငံ အန်းဟွေး ပြည်နယ် တွင် ရေဘေး ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

 

ပေကျင်း ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အရေးပေါ် စီမံခန့်ခွဲရေး ဌာန က ဒေသတွင်း အစိုးရ ၏ တောင်းဆိုချက် အရ အန်းဟွေးပြည်နယ် အရေးပေါ် ဗဟို ကယ်ဆယ်ရေး ရန်ပုံငွေ ယွမ်ငွေ သန်း ၃၀၀ ပေးအပ်သွားမည် ဖြစ်ပြီး ယင်းငွေများကို ရေဘေးသင့် ဒေသ ပြည်သူများအတွက် ပြန်လည် နေရာချထားရေး ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။  

ထို့ပြင် အရေးပေါ် စီမံခန့်ခွဲရေးဌာန အနေဖြင့် အန်းဟွေး ပြည်နယ် နှင့် ကျန်းရှီး ပြည်နယ် များသို့ ကယ်ဆယ်ရေး ပညာရှင် အဖွဲ့ နှစ်ဖွဲ့ စေလွှတ် ပေးခဲ့ပြီး ရေးဘေးသင့်ဒေသ ကပ်ရောဂါ ခြေအနေ နှင့် ပတ်သက်၍ သုံးသပ်မှုများ ပြုလုပ်စေခဲ့ကြောင်း ၊ လတ်တွေ့ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ပြီး ရေဘေးသင့် ဒေသ ငွေကြေး အသုံးချမှုများကို လေ့လာသွားမည် ဖြစ်ကြောင်း ၊ ကုန်ပစ္စည်းများ အာမခံချက် ရှိမှု နှင့် သဘာဝဘေး အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်း နှင့် သဘာဝဘေး အပြီး ဆင်းရဲနွမ်းပါးမှု မှ လွတ်မြောက်ရေး အခြေအနေ များကို လေ့လာသွားမည် ဖြစ်ကြောင်း ၊ ဒေသတွင်း အစိုးရ အား ညွှန်ကြားမှုများ ပြုလုပ်ပြီး ဆင်းရဲနွမ်းပါးမှု လွတ်မြောက်ရေး လုပ်ငန်းများ ကို ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အရေးပေါ်စီမံခန့်ခွဲရေးဌာန ၏ စာရင်းပြုစုချက် အရ အန်းဟွေး နှင့် ကျန်းရှီး ဒေသ တွင် လက်ရှိချိန်ထိ စုပေါင်းနေရာချထားမှု နေရာပေါင်း ၅၄၀ ခုရှိပြီး ပြည်သူပေါင်း ၃၇၀,၀၀၀ ကို နေရာချထားပေးကြောင်း ၊ မိုးရွားသွန်းမှု လျော့နည်းလာချိန်တွင် သဘာဝဘေးသင့် ဒေသအစိုးရ အနေဖြင့် လုံခြုံမှု ရှိသည့် အခြေအနေ အောက်တွင် ပြည်သူများအား နေအိမ် သို့  စနစ်တကျ ပြန်လည်စေလွှတ်ခဲ့ကြောင်း နှင့်  သဘာဝဘေးသင့် ပြည်သူများအား အမြန်ဆုံး ပုံမှန် နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။  (Xinhua)