ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အရေးပါသောနယ်စပ်ဂိတ်ဖြစ်သည့် မုန်တိန်-ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ခရီးသည်များ ဂိတ်ဖြတ်သန်းသွားလာမှုကို အပြည့်အဝ ပြန်လည်စတင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဖေဖော်ဝါရီ ၂၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ခရီးသည်များ ဂိတ်ဖြတ်သန်းသွားလာမှု ပြန်လည်စတင်သည့်နေ့တွင် ပြည်ဝင်ပြည်ထွက်လုပ်ငန်းစဉ်များ...
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် အီရန်နှင့်ထိစပ်နေသည့် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က လောင်စာဆီတင်ကား ဒါဇင်နှင့်ချီ၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Tolo သတင်းရုပ်သံ၏ ဖေဖော်ဝါရီ ၁၄ ရက် သတင်းများအရ သိရသည်။
ဂျေရုဆလင်၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကပ်ရောဂါ ကာကွယ်ရေးအတွက် အစ္စရေးတွင် ကုန်းလမ်းနယ်စပ်ဂိတ်တံခါးကို ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း အစ္စရေး ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန်၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်-ပြင်သစ် နယ်စပ်ပြန်လည်ဖွင့်လှစ်ရန် နှစ်နိုင်ငံအစိုးရအကြား သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း ဗြိတိန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအနက် အခက်အခဲရှိ၍ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက် လာသူများအနက် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူဦးရေသည် ၆ လကျော်အတွင်း ၁၄၅,၅၆၉ ဦး ရှိကြောင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ် ရက်သတ္တ(၂) ပတ်ခန့် စောင့်ဆိုင်းပြီး ဧပြီ ၁၅ ရက် နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြရန် ပန်ကြားချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ အတွင်းသို့ မြဝတီနယ်စပ်ဂိတ် တံတားအမှတ် (၂)မှ မတ် ၁၆ ရက်မှ မတ် ၂၃ ရက်အထိ ပြန်လည် ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၃၂,၆၃၀ ဦးအား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး...
ရန်ကုန်၊စက်တင်ဘာ၇ရက်(ဆင်ဟွာ) နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုများ၊ အိမ်နီးချင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုများ တိုးမြှင့်ရန်အတွက် လိုအပ်သည့် နယ်စပ်ဂိတ်များကို ထပ်မံ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။