Connect with us

Local

နယ်စပ်ဂိတ်များကို ထပ်မံ ဖွင့်လှစ်နိုင်ရန် စီးပွားကူးသန်းစီစဉ်လျက်ရှိ

မြန်မာ တရုတ် နယ်စပ်ဂိတ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊စက်တင်ဘာ၇ရက်(ဆင်ဟွာ)

နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုများ၊ အိမ်နီးချင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုများ တိုးမြှင့်ရန်အတွက် လိုအပ်သည့် နယ်စပ်ဂိတ်များကို ထပ်မံ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့် နယ်စပ်ဂိတ်သုံးခုရှိပြီး အဆိုပါ နယ်စပ်ဂိတ်များကို ထိုင်းနိုင်ငံနှင့် ထိစပ်နေ သည့် ကယားပြည်နယ် မယ်စဲကျေးရွာနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မောတောင်ကျေးရွာနှင့် ထီးခီး ကျေးရွာအနီးတို့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး နှစ်နိုင်ငံ အစိုးရအဖွဲ့များ ညှိနှိုင်းလျက် ရှိကြောင်း သိရသည်။

ယင်းနယ်စပ်ဂိတ်များကို ၂ဝ၁၅ မကုန်ခင်မှာ ဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေကြောင်း၊ အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင်လည်း လက်ရှိအချိန်တွင် မူဆယ်နယ်စပ်ဂိတ်ကိုသာ အားထားနေရသဖြင့် နှစ်နိုင်ငံညှိနှိုင်းမှုများ ပြီးစီးပါက မြန်မာ-တရုတ် နယ်စပ်တွင် နယ်စပ်ဂိတ်သုံးခု အသစ်ထပ်မံဖွင့်လှစ်မည်ဖြစ်ပြီး ကချင်ပြည်နယ်၌လည်း နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် နယ်စပ်ဂိတ်အသစ်များ ထပ်မံတည်ဆောက်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117