မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် နိုင်ငံပေါင်းစုံနှင့်အတူ အရပ်သားများကို ယူကရိန်းမှထွက်ခွာရန် ကူညီသွားလိုကြောင်း ရုရှား အမျိုးသားကာကွယ်ရေး စီမံခန့်ခွဲမှုစင်တာ တာဝန်ရှိသူ Mikhail Minzintsev က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ်၊ မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့က ဘီလာရုစ်နိုင်ငံတွင် မတ် ၃ ရက်က ဒုတိယအကြိမ်ဆွေးနွေးမှုများအတွင်း အရပ်သားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများ စီစဉ်ရန် သဘောတူခဲ့ကြကြောင်း ယူကရိန်း သမ္မတ အကြံပေး Mykhailo Podoliak က...
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) ယူကရိန်း အကျပ်အတည်း အရှိန်မြင့်တက်လာမှုနှင့်အတူ ဥရောပနိုင်ငံအများအပြားတွင် ကာကွယ်ရေးမူဝါဒ ယခုကာလများတွင် ကြီးမားသည့် ချိန်ညှိပြောင်းလဲမှုများ ဖြစ်လာသည်။ ဂျာမနီပြန်လည်ပေါင်းစည်း(German reunification)ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကာကွယ်ရေး ဘတ်ဂျက် များစွာ တိုးမြှင့်ခဲ့သလို ပထဝီနိုင်ငံရေး ဆက်ဆံမှုတွင် ဘက်မလိုက်ကြားနေမူဝါဒကို ရေရှည်ထိန်းသိမ်းထားသည့် ဆွီဒင်၊...
ကိဗ်၊ မတ် ၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့သည် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန Facebook တွင် မတ် ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ . Kuleba နှင့်...
ဂျီနီဗာ ၊ မတ် ၃ ရက်(ဆင်ဟွာ) လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်းပဋိပက္ခကြောင့် COVID-19 ရောဂါကူးစက်မှုသည် အလွန်မြင့်တက်လာနိုင်ကြောင်း နှင့် အရေအတွက်များစွာသော ပြည်သူများအတွက် ပြင်းထန်သောရောဂါကူးစက်မှု အန္တရာယ်ကို မြင့်တက်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မတ် ၂ ရက်တွင် သတိပေးပြောကြားခဲ့သည်။ “ ယူကရိန်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအရေးပေါ်အခြေအနေအပေါ်...
မော်စကို၊ မတ် ၃ ရက်(ဆင်ဟွာ) ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲပြုလုပ်မည့် ဘီလာရုဇ်နိုင်ငံ Brest ပြည်နယ် Belovezhskaya သစ်တောသို့ ရောက်ရှိနေပြီဖြစ်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သမ္မတ လက်ထောက်Vladimir Medinsky က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။...
မော်စကို၊ မတ် ၃ ရက် (ဆင်ဟွာ) အထူးစစ်ဆင်ရေးအတွင်း ရုရှားတပ်ဖွဲ့ဝင် ၄၉၈ ဦးကျဆုံးခဲ့ကြောင်းနှင့် ယူကရိန်းစစ်တပ်တွင် ကျဆုံးသူ ၂၈၇၀ ကျော်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkov က မတ် ၂ ရက်ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှ ထုတ်ပြန်သော သတင်းအရ အထူးစစ်ဆင်ရေးအတွင်း...
မော်စကို၊ ကိဗ်၊ မတ် ၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ရေး စစ်ဆင်ရေးပြုလုပ်နေသည်မှာ သတ္တမမြောက်နေ့သို့ ဝင်ရောက်လာကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထပ်မံကျင်းပရန် ရှိနေသည့်ကြားမှပင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ) ယူကရိန်း၏ ပါဝင်မှုကို ဥရောပသမဂ္ဂက လက်ခံဖို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မတ် ၁ ရက်တွင် ထပ်မံတိုက်တွန်းခဲ့သည်။ ဥရောပသမဂ္ဂသို့ ယူကရိန်းဝင်ရောက်ရေးတွင် ပထမဦးဆုံး စစ်ပွဲ အဆုံးသတ်ရန် လိုအပ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက...
ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ချိန်းဆိုချက်အရ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kulebaနှင့် မတ် ၁ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။