မော်စကို ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံ နှင့် အနောက်နိုင်ငံများအကြား တင်းမာမှုမြင့်တက်နေချိန်အတွင်းမှာပင် ဧပြီ ၂၀ ရက်က ဆာမတ်(Sarmat) တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ကြေညာခဲ့သည်။ ယင်းဒုံးကျည်ကို မော်စကိုစံတော်ချိန် ၁၅ နာရီ ၁၂ မိနစ် (ဂရင်းနစ်စံတော်ချိန်...
ပေကျင်း၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ယူကရိန်းတွင်ရုရှားအထူးစစ်ဆင်ရေး အဆင့်သစ် စတင်လိုက်ပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဧပြီ ၁၉ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ နိုင်ငံတော်စစ်ရေးအခြေအနေ သမ္မတအမိန့် မူကြမ်းကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယူကရိန်း လွှတ်တော်က ဧပြီ ၁၉ ရက်တွင် ကြေညာခဲ့သည်။
မော်စကို/ကိဗ် ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးဒုတိယအဆင့် စတင်လိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sergei Lavrov က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တပ်ဖွဲ့များက ဒွန်ဘတ်စ်ဒေသအတွက် တိုက်ပွဲ စတင်လျက်ရှိသော်လည်း ယူကရိန်းနိုင်ငံအနေဖြင့် ကိုယ်တိုင်ကာကွယ်သွားမည်ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဧပြီ ၁၈ ရက် ဗီဒီယိုမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
မော်စကို၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့တွင် Azovstal သံ၊သံမဏိစက်ရုံမှလွဲ၍ မြို့ပြနေရာအားလုံးကို ရုရှားတပ်များ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ၊ယူကရိန်းစစ်တပ် လက်ကျန်အင်အားနှင့် ကြေးစားတပ်များမှာ Azovstal သံ၊သံမဏိစက်ရုံအတွင်း ပိတ်မိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkovက ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ်၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ပိုင်နက်နယ်မြေကို အဆုံးရှုံးခံပြီး ရုရှားနှင့်စစ်ချုပ်ငြိမ်းရေး အလဲအလှယ်လုပ်မည်မဟုတ်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဧပြီ ၁၇ ရက်တွင် ဖော်ပြထားသည်။
ပေကျင်း၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် ဧပြီ ၁၁ ရက်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ ဘိုင်ဒန်သည် အမေရိကန်နှင့် ၎င်း၏အနောက်နိုင်ငံမဟာမိတ်များနှင့်အတူ ရုရှားစွမ်းအင် ဝင်ငွေကို တားဆီးရေးလှုပ်ရှာမှုတွင် အိန္ဒိယပူးပေါင်းပါဝင်စေလိုကြောင်းနှင့် “ယခုအချိန်တွင် ရုရှားရေနံစသည့်ကုန်စည်ပစ္စည်းများကို ထပ်တိုးမဝယ်ယူရန်”အဆိုပြုခဲ့ကြောင်း...
မော်စကို ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဥရောပနိုင်ငံတစ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးအပ်ခဲ့သည့် လေကြောင်းရန်-ကာကွယ်ရေးကိရိယာများကို ချေမှုန်းဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၂ ရက်တွင်ပြောကြားခဲ့သည်။
အော့တဝါ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံအနေဖြင့် ရုရှားကာကွယ်ရေးကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်လိုက်ကြောင်း ဧပြီ ၁၁ ရက်တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ကြေညာခဲ့သည်။
ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) စီးပွားရေးတည်ငြိမ်မှုအတွက် အရန်ရန်ပုံငွေထပ်တိုးသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရက ဧပြီ ၁၀ ရက်တွင် ကြေညာခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သံတမန်နည်းလမ်းဖြင့် ပဋိပက္ခဖြေရှင်းရေး အခွင့်အလမ်းကို လုံးဝ အဆုံးရှုံးခံမည်မဟုတ်သော်လည်း ယူကရိန်း၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ___ ပြင်ပပိတ်ဆို့မှုအခြေအနေတွင် စီးပွားရေးတည်ငြိမ်ရန်အတွက်...