ဗလာဒီဘော့စတော့ခ် ၊ရုရှား ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ Yamal ကျွန်းဆွယ်၌ MI-8 ရဟတ်ယာဉ်တစ်စင်းသည် ရာသီဥတုဆိုးဝါးသောကြောင့် မြေပြင်သို့ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၂၁ ဦးသေဆုံးပြီး အခြား ၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဂိုအာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၈ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒ္ဒြာ မိုဒီတို့သည် အောက်တိုဘာလ ၁၅ ရက်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက်...
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်၊ မွန်ဂိုလီးယားနှင့် ရုရှားနိုင်ငံတို့သည် နယ်ပယ် ၇ ခုတွင် သုံးနိုင်ငံ စီးပွားရေး စြင်္က ံ တစ်ခု တည်ထောင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခုတစ်ပတ်အတွင်း ထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက်အရ သိရသည်။
စိန့်ပီတာဘာ့ခ်၊ ရုရှား၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အလွန် အဆင့်မြင့်သည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တဖြည်းဖြည်း ချင်း ချဲ့ထွင်လာသော ရင်းနှီးသည့် မဟာမိတ်များ ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဆင်ဟွာသို့ ပြောသည်။
ရန်ကုန် ၊ မေ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း စီးပွားရေး အသိုက်အဝန်း ဖော်ဆောင်နိုင်ရေး အတွက် အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ဆင်းရဲ ချမ်းသာ ကွာဟမှု နည်းပါးရေး အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်...
ဆိုချီ၊ မေ ၂၀ ရက် (ဆင်ဟွာ) အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) သည် လက်ရှိ နိုင်ငံတကာ ငွေကြေးဆိုင်ရာ တည်ဆောက်မှု ပုံစံ တစ်ခုဖြစ်ကြောင်း AIIB ၏ လုပ်ထုံးလုပ်နည်း နှင့်ပတ်သက်၍ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က...
ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ) မြန်မာ- ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍနှင့် ပူးပေါင်းဆောင် ရွက်မှုများကို နီးနီးကပ်ကပ်ဖြင့် ဆက်လက် မြှင့်တင် ဖော်ဆောင်ရေးတို့ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ရုရှားဖက် ဒရေးရှင်း နိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်...
မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဖလိုင်းဒူဘိုင်း (Flydubai) ပိုင် လေယာဉ် ဘိုးရင်း ၇၃၇-၈၀၀ ၏ လေယာဉ် အသံဖမ်းစက် နှစ်ခုရှိသည့်အနက်မှ တစ်ခုအား ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ရိုစ်တပ်ဖ် ဒေသရှိ Rostov-on-Don လေဆိပ်အနီး ပျက်ကျခဲ့သည့် နေရာ၌ ရှာတွေ့ခဲ့ပြီး ကျန်...
မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဒူဘိုင်းမှ ထွက်ခွာလာသည့် ဘိုရင်း ၇၃၇ ခရီးသည်တင်လေယာဉ် တစ်စီးသည် ရုရှားနိုင်ငံ အနောက်တောင် ပိုင်းရှိ လေဆိပ်သို့ ဆင်းသက်စဉ်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသူ ၆၀ ဦးခန့် အားလုံး သေဆုံးခဲ့ ကြောင်း အရေးပေါ် အခြေအနေဆိုင်ရာ...
ဟာဘင်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အတွင်းသို့ ဆင်စွယ် ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများ မှောင်ခိုသွင်းရန် ကြိုးစားသူ ရုရှား အမျိုးသား တစ်ဦးအား ဖမ်းမိခဲ့ကြောင်း တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ဟေးလုံကျန်း ပြည်နယ် တရုတ်-ရုရှား နယ်စပ်မြို့ဖြစ်သည့် Suifenhe မြို့ရှိအကောက်ခွန်...