ဝါရှင်တန်ဒီစီ ၊ မတ် ၁၃ ရက်(ဆင်ဟွာ) နာဆာ(NASA)၏ SpaceX Dragon အာကာသယာဉ်ပေါ်ရှိ SpaceX Crew-5 အာကာသယာဉ်မှူးများသည် မတ် ၁၁ ရက်တွင် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းတွင် ရေပြင်ပေါ်သို့ ဘေးကင်းစွာဆင်းသက်ခဲ့ကြောင်း NASA က ပြောကြားခဲ့သည်။ နာဆာအာကာသယာဉ်မှူး Josh...
ပေကျင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်ဝန်ကြီးချုပ်လီချန်က မတ် ၁၃ ရက်က ပြုလုပ်သည့် သတင်းမီဒီယာနှင့် တွေ့ဆုံပွဲတွင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု သဘောတရားခံယူချက်အား အလေးအနက် ပြောကြားခဲ့ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရေးအား အလေးထားကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua) ——————- GLOBALink...
ယာအွန်ဒီ ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ကင်မရွန်းနိုင်ငံ၏ အထက်လွှတ်တော်ရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးခြင်းအား မတ် ၁၂ ရက်တွင် နိုင်ငံအတွင်းရှိ ဒေသ ၁၀ ခုတွင် မဲရုံပေါင်း ၁၉၈ ရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ဂျာမနီကားပစ္စည်းများ ပေးသွင်းသူ Continental က တရုတ်နိုင်ငံ၏ အလိုအလျောက် မောင်းနှင်နိုင်သည့် ယာဉ်ဈေးကွက်နှင့် ပတ်သက်၍ ယုံကြည်စိတ်ချနေလျက် ရှိပြီး တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများအား ဆက်လက်တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရသည်။
အန်ကာရာ ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတရီဆပ်တေရစ် အာဒိုဂန်က တူရကီနိုင်ငံ၏ သမ္မတ နှင့် လွှတ်တော်ရွေးကောက်ပွဲများအား သတ်မှတ်ထားသည်ထက် တစ်လစော၍ မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်ရန် မတ် ၁၀ ရက်တွင် တရားဝင်သတ်မှတ်လိုက်ကြောင်း သိရသည်။
ဟိုင်ခို ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်၌ မတ် ၁၀ ရက်တွင် တွေ့ရှိခဲ့သော သောင်တင်နေသည့် လင်းပိုင်ကို သုံးနာရီကြာ ကယ်ဆယ်ရေး ပြုလုပ်ပေးပြီးနောက် ပင်လယ်အတွင်းသို့ ပြန်လည်၍ လွှတ်ပေးခဲ့ကြောင်း ဒေသတွင်းမီးသတ်ဌာနထံမှ သိရသည်။
ဂျကာတာ ၊ မတ် ၁၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ မီရာပီမီးတောင်သည် မတ် ၁၁ ရက်တွင် ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာမှုန်များက အနီးနားရှိ ကျေးရွာအများအပြားသို့ မှုတ်ထုတ်ခဲ့ကြောင်း ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ(BPPTKG)က ထုတ်ပြန်ခဲ့သည်။
ဗလာဒီဗော့စတော့ခ် ၊ ရုရှား ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ရုရှားအရှေ့ဖျားလူငယ်စက်ရုပ်ဘောလုံးပြိုင်ပွဲအား ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal တက္ကသိုလ်၌ မတ် ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်မြို့ရှိ ဆေးရုံ ၁၀ ရုံထက်မနည်းသည် ငလျင်ဒဏ်ခံနိုင်ရည် မရှိကြောင်း တာဝန်ရှိသူများက ကြေညာခဲ့ပြီးနောက် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ ယင်းဆေးရုံများသည် မြို့အတွင်းရှိ အခြားကျန်းမာရေးအဆောက်အအုံ သို့မဟုတ် ဆေးရုံဝင်းများအတွင်း ပိုမိုဘေးကင်းရာသို့ ပြောင်းရွှေ့ခြင်းဖြင့် ဝန်ဆောင်မှုများ ပေးသွားမည်...
ဖနွမ်းပင် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) ကုန်သွယ်မှုသဘောတူညီချက် နှင့် ကမ္ဘောဒီးယား-တရုတ်လွတ်လပ်သောကုန်သွယ်မှုဇုန်(CCFTA) နှစ်ခုလုံး အသက်ဝင်လာခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံသို့ တင်ပို့မှုများ အားကောင်းလာခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံသားအများအပြားသည် ဝင်ငွေပိုကောင်းလာကြကြောင်း သိရသည်။