Connect with us

Videos

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ပေါက်ကွဲကာ ပြာမှုန်အပူများ မှုတ်ထုတ်

ဂျကာတာ ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ မီရာပီမီးတောင်သည် မတ် ၁၁ ရက်တွင် ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာမှုန်များက အနီးနားရှိ ကျေးရွာအများအပြားသို့ မှုတ်ထုတ်ခဲ့ကြောင်း ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ(BPPTKG)က ထုတ်ပြန်ခဲ့သည်။“မီးတောင်က မတ် ၁၁ ရက် ဒေသစံတော်ချိန် ၁၂ နာရီ ၁၂ မိနစ် နေ့လည်ပိုင်းမှာ ပေါက်ကွဲခဲ့ပါတယ်”ဟု BPPTKG Agus Budi Santoso ခေါင်းဆောင်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ကာ လွန်ခဲ့သောရက်သတ္တပတ်က မီရာပီမီးတောင်က ချော်ရည်ပူ ၁၉ ကြိမ် မှုတ်ထုတ်ခဲ့ပြီး မီးတောင်ငလျင် ၅၅၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း BPPTKG က မှတ်တမ်းတင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

တာဝန်ရှိသူများက ပြည်သူများကို မီးတောင်ထိပ်မှ အချင်းဝက် ၇ ကီလိုမီတာအတွင်း အန္တရာယ်ရှိသော သတ်မှတ်နယ်မြေအား ရှောင်ရှားကြရန် ၊ Krasak နှင့် Bebeng ကဲ့သို့သော မီရာပီမီးတောင်မှ မြစ်ဖျားခံရာ မြစ်များကို ရှောင်ရှားကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

မီရာပီမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ၏ လှုပ်ရှားမှုအများဆုံး မီးတောင်များအနက် တစ်ခုဖြစ်ပြီး Central Java ပြည်နယ် နှင့် ယောယာကာတာပြည်နယ် အထူးဒေသအကြား နယ်စပ်တွင် တည်ရှိသည်။ မီးတောင်သည် မကြာခဏပေါက်ကွဲမှုများကြောင့် ပြီးခဲ့သောလများအတွင်းက အဆင့် ၃ သတိပေးချက် ထုတ်ပြန်ထားသည်။ အဆင့် ၃ သတိပေးချက်မှာ အနီးပတ်ဝန်းကျင်အား ဆိုးဆိုးရွားရွားထိခိုက်နိုင်သည့် ပေါက်ကွဲမှု ဖြစ်နိုင်ခြေရှိသည်ကို ဆိုလိုခြင်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် မီရာပီမီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးပြီး အခြားသူအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။

———————————
Indonesia’s Merapi volcano erupts, spewing hot ash
Indonesia’s Mount Merapi volcano erupted on Saturday, spewing volcanic ash to several villages nearby, the country’s Geological Disaster Technology Research and Development Center (BPPTKG) reported.

“The volcano erupted on Saturday at 12:12 midday local time,” said head of BPPTKG Agus Budi Santoso in a written statement, adding that during the past week, the BPPTKG recorded the Merapi Mount had spewed hot lava 19 times and caused 553 volcanic earthquakes.

The authorities have urged people to avoid hazardous zone within a 7-km radius of the peak and to avoid rivers originating from Merapi, such as Krasak and Bebeng.

As one of Indonesia’s most active volcanos, Mount Merapi is located at the border between Central Java province and the special region of Yogyakarta. The volcano has been on level 3 alert for the past months due to frequent eruptions. A level 3 alert means that there is a possibility of an eruption that could seriously affect the surrounding area.

In 2010, the eruption of Mount Merapi killed more than 200 people and displaced many others.

Xinhua News Agency correspondents reporting from Jakarta.
(XHTV)