China
တရုတ်အသင်းက Lake Placid တွင် ကျင်းပသော FIS Freestyle Ski World Cup ပြိုင်ပွဲ၌ အမျိုးသား၊ အမျိုးသမီး တွဲဖက်အဖွဲ့ ရွှေတံဆိပ်ဆု ဆွတ်ခူး
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ Lake Placid တွင် ဒေသစံတော်ချိန် ဇန်နဝါရီ ၁၉ ရက်၌ ယှဉ်ပြိုင်ခဲ့သော FIS Freestyle Ski World Cup တွင် ဝေဟင်ကျွမ်းကျင်မှု (Aerials) ပြိုင်ပွဲတွင် တရုတ်အသင်းက အမျိုးသား၊ အမျိုးသမီး တွဲဖက်အဖွဲ့ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။
တရုတ်အသင်းက စေလွှတ်ခဲ့သော အဖွဲ့တွင် ရွှီမုန့်ထောင်၊ လီရှင်းဖုန်၊ စွန်းကျားရွှိတို့ပါဝင်သည်။ ယင်းမတိုင်မီ ရွှီမုန့်ထောင်နှင့် စွန်းကျားရွှိတို့သည် အဆိုပါပြိုင်ပွဲ၏ အမျိုးသမီး၊ အမျိုးသား တစ်ဦးတည်း ပြိုင်ပွဲတွင် ရွှေတံဆိပ်အသီးသီး ဆွတ်ခူးခဲ့သည်။ နောက်ဆုံးတွင် ထိုအသစ်၊ အဟောင်း ပေါင်းစပ်ထားသော အဖွဲ့သည် ၃၂၈.၄၁ ရမှတ်ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့သည်။
ကနေဒါ အဖွဲ့ ၂ က အဆင့် ၂ တွင် စုစုပေါင်း ၂၈၉.၁၇ မှတ်ဖြင့် လည်းကောင်း၊ ကြေးတံဆိပ်ဆုရှင် ဩစတေးလျအဖွဲ့က စုစုပေါင်းအမှတ် ၂၇၇.၆၃ မှတ်ဖြင့် လည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။
နောက်တစ်ကြိမ် ဝေဟင်ကျွမ်းကျင်မှု (Aerials) ပြိုင်ပွဲ၏ ကမ္ဘာ့ဖလား ပြိုင်ပွဲခွဲကို ဒေသစံတော်ချိန် ဇန်နဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ ကနေဒါနိုင်ငံ Quebec မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………….
(Chinese Version)
中国队获得自由式滑雪世界杯普莱西德湖站混合团体金牌
新华社北京1月20日电(记者卢星吉)在当地时间19日进行的国际雪联自由式滑雪世界杯美国普莱西德湖站的空中技巧比赛中,中国队获得混合团体项目金牌。
中国队派出的组合包括徐梦桃、李心鹏、孙佳旭。此前徐梦桃和孙佳旭分别获得了本站女子、男子个人项目冠军。最终,这支新老搭配的队伍以328.41分夺冠。
加拿大二队排名第二,总分为289.17分。铜牌则归属澳大利亚队,总分为277.63分。
下个有空中技巧比赛的世界杯分站赛将于当地时间1月25日至26日在加拿大魁北克举办。