Connect with us

Latin America

အခြားနိုင်ငံများ ပြည်တွင်းရေးကို အမေရိကန် တရားမဝင် ဝင်ရောက်စွက်ဖက်နေသည်ဟု ဘရာဇီးသမ္မတ ဝေဖန်

ပနားမားနိုင်ငံ မြို့တော် ပနားမားတွင် ကျင်းပသော ၂၀၂၆ ခုနှစ် လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံတကာ စီးပွားရေးဖိုရမ်၌ မိန့်ခွန်းပြောကြားနေသော ဘရာဇီးသမ္မတ လူလာအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူညီချက်မရှိဘဲ အခြားနိုင်ငံများအပေါ် ဝင်ရောက်စွက်ဖက်ပြီး ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို ခြိမ်းခြောက်နေသည်ဟု ဘရာဇီးသမ္မတ လူလာက ဧပြီ ၁၈ ရက်တွင် ဝေဖန်ပြောကြားခဲ့သည်။အမေရိကန်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူညီချက်မရှိဘဲ အခြားနိုင်ငံများအပေါ် ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများကမူ အမေရိကန်၏ စတင်မှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများအတွက် စီးပွားရေး ကုန်ကျစရိတ်များကို ခံယူနေရကြောင်း လူလာက ထိုနေ့ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ကျင်းပသော အစည်းအဝေး၌ ပြောကြားခဲ့သည်။ “အီရန်ကို အမေရိကန်ကျူးကျော်မှုကြောင့် ဘရာဇီးမှာ ပဲဈေးနှုန်းတွေ မြင့်တက်လာတယ်၊ မက္ကဆီကိုရဲ့ ပြောင်းဖူးဈေးနှုန်းတွေ မြင့်တက်လာတယ်၊ အခြားနိုင်ငံတွေမှာ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်လာတယ်။ ဒီလို ဘယ်သူမျှမမြင်လိုတဲ့ တာဝန်မဲ့စစ်ပွဲအတွက် ကုန်ကျစရိတ်ကို ဆင်းရဲသားတွေက ပေးဆပ်ရမှာလား” ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာပေါ်ရှိ မည်သည့်သမ္မတကမျှ စည်းမျဉ်းများကို အခြားနိုင်ငံများအပေါ် အတင်းအကျပ် ချမှတ်ပိုင်ခွင့် မရှိကြောင်း လူလာက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ မနက် အိပ်ရာထရာကနေ ည အိပ်ရာဝင်ချိန်အထိ သမ္မတတစ်ယောက်က အွန်လိုင်းပို့စ်တွေတင်ပြီး ကမ္ဘာကြီးကို ခြိမ်းခြောက်၊ စစ်ပွဲတွေ ဖော်ဆောင်နေတာကို နေ့တိုင်း မြင်တွေ့နေလို့မရဘူး” ဟု ၎င်းက ဆိုသည်။

အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီလကုန်ပိုင်းတွင် အီရန်အား စစ်ရေးတိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်ရေးသည် အဆက်မပြတ် အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ အဆိုပါရေလက်ကြားသည် ကမ္ဘာတစ်ဝန်း ဓာတ်မြေဩဇာ ကုန်သွယ်ရေး ရေကြောင်းသယ်ယူပို့ဆောင်မှု သုံးပုံတစ်ပုံခန့်ကို ကိုင်တွယ်ထားသည်။ တစ်ချိန်တည်းတွင် သဘာဝဓာတ်ငွေ့သည် နိုက်ထရိုဂျင် ဓာတ်မြေဩဇာ ထုတ်လုပ်ရန် အရေးကြီးသော ကုန်ကြမ်းတစ်ခုဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသသည် ယူရီးယားစသည့် အများစု နိုက်ထရိုဂျင် ဓာတ်မြေဩဇာများအား အဓိက တင်ပို့သည့် နိုင်ငံ ဖြစ်သည်။ လက်ရှိတွင် ဘရာဇီးစသည့် စိုက်ပျိုးရေး အဓိက နိုင်ငံကြီးများသည် အရှေ့အလယ်ပိုင်းမှ နိုက်ထရိုဂျင် ဓာတ်မြေဩဇာ ဝယ်ယူရန် အခက်အခဲ ကြုံတွေ့နေရပြီး အိန္ဒိယ၊ ပါကစ္စတန်စသည့် နိုက်ထရိုဂျင် ဓာတ်မြေဩဇာ ထုတ်လုပ်သည့် နိုင်ငံများမှာ ကုန်ကြမ်း ဝယ်ယူရန် အခက်အခဲ ကြုံတွေ့နေရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.